Bad Lands

အခု တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ 2023 ထွက် Drama/Thriller အမျိုးအစား Bad Lands ဆိုတဲ့ ဂျပန်ဇာတ်ကားတစ်ကားပါ။ 

ဒီဇာတ်လမ်းကတော့ အဓိကဇာတ်ဆောင်ဖြစ်သူကို bad character ပုံစံသွင်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူတွေကို ဖုန်းထဲကနေကော အပြင်ကနေကော ဇာတ်ထုပ်အတု‌တွေ အလိမ်ဇာတ်တွေ ဖန်တီးကာ ပစ်မှတ်ဆီက ငွေတွေကို လိမ်ညာယူ လှည့်စားယူတဲ့ အဖွဲကြီးတစ်ဖွဲအကြောင်းကို အခြေပြုကာ ရိုက်ကူးထားတာပါ။ 

ဒီထဲက အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဂျပန်မင်းသမီး Sakura Ando ကတော့ MNTV ရုပ်သံလိုင်းမှာ 2023 March လမှာ ပြသခဲ့ဖူးတဲ့ ခေါက်ဆွဲတစ်ခွက်ရဲ့ဒိုင်ယာရီ ဂျပန်စီးရီးလေးထဲက အရမ်းချစ်စရာကောင်းပြီး ထူးချွန်ထက်မြက်တဲ့ အိမ်ရှင်မ/မိခင်တစ်ယောက် ဇာတ်ကောင်လေးကို အပိုင်နိုင်ဆုံး သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးထဲမှာတော့ အရင်ကဇာတ်များနဲ့ မတူညီဘဲ အသွင်အပြင်ကွဲပြားတဲ့ ခပ်မိုက်မိုက် ခပ်ကြမ်းကြမ်းဇာတ်ကောင်နဲ့ သူ့ရဲ့ သရုပ်ဆောင်စွမ်းတွေကို ထပ်မံ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဇာတ်အိမ်အရကော၊ ဇာတ်ကောင်အရကော သမားရိုးကျမှုတွေထဲက လွတ်ထွက်အောင် ရိုက်ကူးထားတဲ့ Bad Lands ဆိုတဲ့ ဒီဇာတ်ကားလေးထဲက ဆိုးဝါးတဲ့နယ်မြေဆိုတာ ဘာကို ရွယ်ရည်တာလဲဆိုတာကို တစ်ချက်လောက် အပန်းဖြေရင်း တူးဆွကြည့်လိုက်ကြပါဦးနော်။ ကျေးဇူးတင်ပါတယ်။