ဒီဇာတ်လမ်းကတော့ စက်ရုပ်တွေနဲ့ လူသားတွေ အတူယှဉ်တွဲနေထိုင်ကြရတဲ့ အနာဂတ်ခေတ်အကြောင်းပါ။ ဇာတ်ဆောင်ကတော့ Robin လိုခေါ်တဲ့ စက်ရုပ်တစ်ရုပ်ပါ။ Robin က လူသားတွေလို ခံစားချက်တွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ပိုင်ဆိုင်ချင်တဲ့ စက်ရုပ်တစ်ရုပ်ပါ။ ဒါပေမဲ့ သူက စက်ရုပ်ဖြစ်တာမို ပရိုဂရမ်နဲ့ပဲ လည်ပတ်နေရတာ။
အဲ့ဒီကနေ စိတ်ဝင်စားစရာတွေ စတင်လာတာပဲ။ Robin ဟာ လူသားတွေနဲ့ ထိတွေ့ရင်း လူ့ဘဝရဲ့ ကဏ္ဍပေါင်းစုံကို လေ့လာရပါတယ်။ အချစ်၊ အမုန်း၊ သစ္စာဖောက်မှု၊ ပျော်ရွှင်မှု၊ ဆုံးရှုးမှု... အရာရာကို ကြုံတွေ့ရပါတယ်။ တချိုမြင်ကွင်းတွေဆို တကယ် ရယ်မောရပြီး တချိုမြင်ကွင်းတွေမှာတော့ သနားစိတ်ဝင်မိတာမျိုးတွေ ရှိပါတယ်။ "ဒီလိုမျိုးလည်း အနာဂတ်မှာဖြစ်လာနိုင်တာပဲ" ဆိုပြီး တွေးမိစေတဲ့ အခန်းတွေလည်း ပါတာမလို သိပ္ပံစိတ်ကူးယဉ် (sci-fi) ရုပ်ရှင်တွေ ကြိုက်တဲ့သူတွေ၊ တွေးခေါ်ချင်စိတ်ရှိတဲ့သူတွေဆို ကြည့်သင့်တယ်လို အကြံပြုချင်ပါတယ်။