Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    Hit Man

    ဇာတ်လမ်းလေးထဲမှာတော့ တက္ကသိုလ်တစ်ခုမှာ စိတ်ပညာနဲ့ ဒဿနိကပညာရပ် သင်ကြားတဲ့ 
    ဂရေးဆိုတဲ့ ဆရာတစ်ယောက်က အပိုဝင်ငွေအနေနဲ့ နယူးအော်လန်က ရဲစခန်းတစ်ခုမှာ နည်းပညာပိုင်းနဲ့ ပက်သတ်ပြီး အချိန်ပိုင်း အလုပ်လုပ်ပါတယ်၊ အဲ့ကနေ ရဲစခန်းက နောက်ထပ်ရာထူးတစ်ခုအနေနဲ့ ကြေးစားလူသတ်သမားအဖြစ် ဟန်ဆောင်ပြီး တရားခံတွေကိုဖမ်းဆီးဖို ပူးပေါင်းခိုင်းပါတယ်၊ အဲ့အလုပ်ကတော့ တရားခံတွေကို ဖမ်းဆီးနိုင်ဖိုအတွက် လူသတ်ဖို ဆက်သွယ်ပြီး အလုပ်လာအပ်တဲ့သူတွေဆီကနေ သက်သေတွေနဲ့ ထွက်ဆိုချက်တွေကို အရယူ‌ပေးရတာပါ။ ဘာလုပ်လုပ် စေ့စေ့စပ်စပ် လုပ်တတ်တဲ့ ဂရေး တစ်ယောက် ဒီအလုပ်ကိုလည်း သဘာဝဆန်ဆန်နဲ့ အသားကျနေရင်း တစ်နေ့မှာ ယောက်ျားဖြစ်သူရဲ့ နှိပ်စက်တဲ့ ဒဏ်ကို မခံနိုင်လို သတ်ပစ်ပေးဖို ဆက်သွယ်လာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့ရာက သနားမိပြီး ကူညီပေးခဲ့ရာကနေ ချစ်ကြိုက်မိသွားပါတယ်...


    အဲ့လိုနဲ့ သူရဲ့ သရုပ်မှန်ကို ဆက်ပြီး ဘယ်လိုတွေ ဟန်ဆောင်သွားမလဲ၊ဒီအလုပ်ကြောင့် သူ့ရဲ့သာမန်ဘဝလေးကရော ဘယ်လိုတွေ ယိမ်းယိုင်မှုတွေ၊ အနှောင့်အယှက်‌တွေပေါ်ပေါက် လာမလဲဆိုပြီး စိတ်ဝင်တစားနဲ့ကြည့်ရှူရင်း ဟာသလေးလည်း နှောတာမို ကြည့်ရတာ ပျင်းစရာမကောင်းပဲ အဆုံးထိကို ဇာတ်လမ်းထဲ စီးမြောပြီး ကြည့်ရှူမိမှာ သေချာပါတယ်။

    You May Also Like