ပြင်သစ်တောင်ပိုင်း ခပ်သေးသေးမြို့လေးမှာ ကျွဲနွားအချို့နဲ့ ရဲတိုက်ကိုပိုင်ဆိုင်တဲ့ မြို့တော်ဝန်က အခြားဆေးဝါးပညာရှင်၊ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် ၎င်းရဲ့ဝန်ထမ်းတွေနဲ့အတူအတူ မြေအောက်ခန်းထဲမှာ ဝိုင်သောက်ရင်း ကြောက်မက်ဖွယ်ကောင်းသော ဆူညံသံကို ကြားရပြီး အပူကတဟုန်ထိုး တိုးလာတယ်။ဘာတွေ ဖြစ်ပျက်နေတာလည်းဆိုတာ သူတို့ မသိလိုက်ကြဘူး ၊ မြေအောက်ခန်းထဲက ထွက်လာတော့ အရာအားလုံး မီးလောင်ပြီး အဆောက်အဦတွေ အားလုံး ပျက်စီးသွားတယ်ဆိုတာ သိလိုက်ရတယ်... တစ်မြို့လုံးပြာကျပြီး လူတွေအကုန်လုံးသေသွားကြတာပါ ကမ္ဘာကြီးပျက်စီးသွားတာပါ။ဒါပေမဲ့သူတို့ကတော့အသက်ရှင်ကျန်ခဲ့ပါတယ်။ကမ္ဘာပျက်ပြီးနောက် အချို့သော အသက်ရှင်ကျန်ရစ်သူများက ဘဝသစ်ကို ပြန်လည်တည်ဆောက်ရန် ကြိုးစားကြပြီး စားစရာအတွက် ကြိုးစားရှာကြရပါတယ် ကမ္ဘာဦးအစကလိုအရာအားလုံး၁က ပြန်စရတယ်ဆိုပေမဲ့ ကမ္ဘာဦးလူသားတွေရဲ့ အသိဉာဏ်လောက်တော့မကပါဘူး ဒီဇာတ်ကားလေးက စိတ်ကူးနဲ့ပုံဖော်ထားတဲ့ကားလေးတစ်ကားဖြစ်ပြီး ဇာတ်ကားထဲမှာရိုက်ပြထားတဲ့ မြင်ကွင်းတွေက ကမ္ဘာပျက်ပြီးပုံစံတွေဆိုပေမဲ့ တကယ့်ကို ကြည့်လို့ကောင်းတာမို့လို့ ဒီဇာတ်ကားကောင်းလေးကို ညွှန်းပေးလိုက်ရပါတယ်