Sometimes I Think About Dying

Fran ဆိုတဲ့အမျိုးသမီးလေးဟာတိတ်တိတ်ဆိတ်ဆိတ်နဲ့အေးချမ်းစွာနေလေ့ရှိတဲ့ Introvert စစ်စစ်တစ်ယောက်ဖြစ်ပါတယ်။အလုပ်ကိုချစ်မြတ်နိုးပြီးဘာကိုမှစိတ်မဝင်စားတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Fran ရဲ့ရုံးကို Robert ဆိုတဲ့အလုပ်သမားအသစ်တစ်ယောက်ရောက်လာခဲ့ပါတယ်။ Robert ကရုပ်ရှင်ကြည့်ရတာကိုအလွန်သဘောကျသူဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတစ်ယောက်လဲဖြစ်ပါတယ်။ ဒီလိုနဲ့ Robert နဲ့ Fran တိုတစ်ယောက်ကိုတစ်‌ေယာက်စိတ်ဝင်စားလာမိပြီး ဘယ်လိုဇာတ်လမ်းတွေဆက်ဖြစ်ကြမှာလဲ။ စကားအပြောအဆိုမတတ်တဲ့ Fran တစ်ယောက်ဒီအချစ်ဇာတ်လမ်းကိုကိုင်တွယ်နိုင်ပါ့မလား။ Robert ကရော Fran ရဲ့မျိုသိပ်ပြီးမဖော်ပြတတ်တဲ့ပုံစံကြားမှာသည်းခံနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုနိုင်မဲ့အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဘဲဖြစ်ပါတယ်။

You May Also Like