Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    The Exorcism of Saint Patrick (2024)

    ဇာတ်ညွှန်းပြောရရင်တော့ ပတ်ထရစ်လို့ ခေါ်တဲ့ ဆယ်ကျော်သက်ဂေးလူငယ်တစ်ယောက်ဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ မိဘတွေ အလိုကျဂေးဖြစ်တည်မှု အစွဲကို ချွတ်ဖို့ သင်းအုပ်ဆရာ ပတ်ထရစ်နဲ့အတူလူသူဝေးတဲ့ အိမ်လေးတစ်လုံးမှာ ရက်အတန်ကြာ နေဖို့ ဖြစ်လာခဲ့တာပါ။ (ဂေးဖြစ်တည်မှုဆိုတာ နတ်ဆိုးနှောင့်ယှက်မှုကြောင့် ဆိုတဲ့ ရှေးရိုးဆန် ဘာသာရေးအစွန်းရောက် ယုံကြည်မှု ရှိခဲ့ပါတယ်)အပြောချိုသာပြီး စိတ်ကောင်းနှလုံးကောင်း ရှိပုံပေါက်တဲ့ သင်းအုပ်ဆရာပတ်ထရစ်ဟာ အမှန်တကယ်မှာတော့ ဘာသာရေးကို အရေခြုံ ဗန်းပြပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အရပါ အနိုင်ကျင့် နှိပ်စက်တတ်တဲ့သူတစ်ယောက် ဖြစ်နေတာပါ။ ဒီလူငယ်လေး မတိုင်ခင်မှာ သူကိုင်တွယ် ခဲ့ဖူးတဲ့ လူငယ်တချို့ဟာ သေကြောင်းကြံစည်ခဲ့တဲ့အထိ ဆိုးရွားခဲ့တာပါ။ဒီဇာတ်ကားမှာ ပေးချင်တဲ့ မက်ဆေ့ပြောရရင် မကောင်းဆိုးဝါး နတ်ဆိုးဗီဇဆိုတာ သေလွန်ပြီးသား သူတွေမှာပဲ ရှိနိုင်တာ မဟုတ်ဘဲ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ နေထိုင်ရှင်သန်နေကြသူတွေထဲမှာလည်း ရှိနိုင်ပါတယ် 
    ဒီတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးတသ်ကားအဖြစ် ညွှန်းပေးလိုက်ရပါတယ်

    You May Also Like