True Spirit (2023)

စိတ်ခွန်အားတစ်ခုရဲ့တွန်းအား အိမ်မက်တွေအကောင်အထည်ဖော်ဖို့မိုတီလိုချင်တဲ့ လူတွေကြည့်ဖို့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဂျက်စီကာ ၀တ်ဆန်ဟာ ငယ်ဘ၀ထဲက ကမ္ဘာပါတ်တစ်ကိုယ်တော်ရွက်လွှင့်ဖို့အိမ်မက်မက်ခဲ့သူပါ။ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ် ရွက်တိုက်ပညာသင်ယူရင်း ကိုယ့်ကိုကိုယ်စိတ်ချပြီထင်တဲ့တစ်ရက်မှာ ကမ်းခြေနှစ်ခုကြားအစမ်းရွက်လွှင့်ခဲ့ပါတယ်။  ဒီလိုရွက်လွှင့်နိုင်ဖို့ စပွန်စာတွေဆီကလည်းအကူအညီယူခဲ့ရပါတယ်။ ကံမကောင်းစွာနဲ့ အစမ်းလေ့ကျင့်မှုမှာ မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။  သမုဒ္ဒရာထဲရွက်တိုက်ဖို့အကောင်းဆုံးရာသီဟာလည်း ကုန်ဆုံးဖို့မလိုတော့တာကြောင့် သူ့ရဲ့ကမ္ဘာပါတ်ရွက်တိုက်ဖို့အစီအစဉ်ဟာ တကယ်ဖြစ်လာနိုင်ပါ့မလား။သူမက်ခဲ့တဲ့အိမ်မက် သူ့စိတ်ဝိဉာဉ်ရဲ့တောင့်တမှုကိုပြည့်၀အောင် လုပ်နိုင်မလားဆိုတာ ရုပ်ရှင်ထဲမှာ လိုက်ပါစီးမျောခံစားလိုက်ပါဦး..

You May Also Like