Bleeding Love

ဒီဇာတ်ကားလေးကတော့ ဝေးကွာနေတာကြာပြီဖြစ်တဲ့ အသက်နှစ်ဆယ်အရွယ်သမီးနဲ့ဖခင်ဖြစ်သူတိုကြားထဲက  ဆက်ဆံရေးကို အဓိကအသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီကားထဲမှာ ဖခင်က မူးယစ်ဆေးရဲ့သားကောင်ဖြစ်ပြီးဘဝကိုစိတ်ကုန်ကာ သမီနဲ့ဇနီးကိုထားပစ်ခဲ့ပြီး ဘဝကိုအသစ်ပြန်စခဲ့သူပါ။ ဖြစ်ချင်တော့ သူ့ရဲ့သမီးကလည်း သူ့လိုပဲ မူးယစ်ဆေးရဲ့သားကောင်ဖြစ်လာချိန်မှာတော့ သမီးဖြစ်သူနဲ့အတူ ခရီးတစ်ခုကို နှစ်ယောက်တည်းထွက်လာရင်း လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေနဲ့ သားအဖနှစ်ယောက်ကြားက ဆက်ဆံရေးလေးကို စိတ်ဝင်စားဖွယ်ကောင်းအောင် ပုံဖော်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

You May Also Like