အိန္ဒိယနိုင်ငံ ကလ္လကတ္တားမြိုမှာ တစ်ချိန်က မျက်မမြင်သူတောင်းစားဆိုရင် ပိုက်ဆံပိုတောင်းရနိုင်တယ်ဆိုတဲ့အချိန်ရှိခဲ့တယ်။ အဲ့တုန်းက အဲ့ကလ္လကတ္တားမြိုရဲ့ရပ်ကွက်လေးမှာမွေးတဲ့ ခါဂျဲကို သူ့ရဲ့မိထွေးလုပ်သူက တောင်းစားခိုင်းဖိုအတွက် မျက်စိနှစ်ဖက်လုံးကိုအက်စစ်လောင်းပြီး မျက်စိကန်းစေခဲ့တယ်
1970 တရုတ်ပြည်မှာပုန်ကန်ခြားနားမှုတွေဖြစ်တော့ မင်ဝမ်ဆိုတဲ့တရုတ်လေးက ဆရာဝန်ဖြစ်ချင်လိုကြိုးစားခဲ့ရာကနေ အခုချိန်မှာဆိုရင် သာမာန်ဆရာဝန်တွေလက်လျှော့တဲ့ကုသမှုတွေကိုတောင် အံ့သြစရာရလဒ်တွေကိုဖန်တီးပေးနိုင်တဲ့မျက်စိဆရာဝန်ဒေါက်တာမင်ဝမ် ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့မင်ဝမ်မှာ အတိတ်ကအဖြစ်ဆိုးတွေကနေ ရုန်းမထွက်နိုင်တာတွေရှိနေသေးတယ်။ တစ်ခုခုဆိုရင်ဇောက်ချလုပ်တတ်တဲ့ဒေါက်တာမင်ဝမ် ခါဂျဲနဲ့တွေ့ပြီးနောက်မှာ ခါဂျဲရဲ့အမြင်အာရုံကိုရော တစ်ဖန်ပြန်ရစေမှာလား ဘယ်လိုပြန်ရစေမှာလဲ။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားထဲမှာပါပါတယ်။