Killers of the Flower Moon

Killer of the flower moon ဆိုတဲ့ ဇာတ်ကားဟာ အိုဆေ့လို့ခေါ်တဲ့ အင်ဒီးယန်းမျိုးနွယ်စုတွေရဲ့ ရေနံမြေ

လုပ်ကွက်တွေအကြောင်းနဲ့ အစပြုထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ Ernest Buckhart ဆိုတဲ့  မင်းသားကြီး Leonardo Dicaprioက  ပထမကမ္ဘာစစ်ပွဲကနေ အိုကလာဟိုးမားပြည်နယ်က ဦးလေးဖြစ်သူထံ ပြန်ရောက်လာခဲ့ ပြီးတော့ ဦးလေးရဲ့ ခိုင်းစေမှုတွေကြောင့် Osage တွေကို လုပ်ကြံသတ်ဖြတ်ရင်း သူတို့ဆီက ရေနံမြေတွေကနေ ရတဲ့ အမွေတွေကို အပိုင်စီးဖို့ကြိုးစားကြတဲ့ အကြောင်းကို အဓိကဇာတ်အိမ်တည်ဆောက်ထားတာဖြစ်ပါတယ်။

            မင်းသမီးကြီး Lily Gladstone ကတော့ အားနက်စ်ရဲ့ ဇနီး Osageမျိုးနွယ်သူတစ်ယောက်နေရာက‌နေ သရုပ်ဆောင်ထားပြီးတော့ …ဒီဇာတ်ကားထဲမှာ လူဖြူတွေရဲ့ ရေနံမြေတွေကို လွန်စွာတက်မက်တဲ့ လောဘတွေကြောင့် Osage တွေအပေါ်မှာ ဘယ်လိုတွေ အမြတ်ထုတ်ဂုတ်သွေးစုပ်ဖို့ကြိုးစားကြသလဲဆိုတာတွေကိုပါ မြင်တွေ့ကြရမှာပါ။ ဒီဇာတ်ကားဟာ နာမည်ကြီးဒါရိုက်တာကြီး Martin Scorsese ရဲ့ လက်ရာတစ်ခုဖြစ်ပြီးတော့ Rating တွေအများကြီးရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

You May Also Like