Unknown: The Lost Pyramid

အီဂျစ်နိုင်ငံရှေးဟောင်းသုတေသနပညာရှင်တွေရဲ့ ပျောက်ဆုံးနေတဲ့ပိရမစ်ကိုရှာဖွေကြပုံကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့တီဗီစီးရီးတစ်ခုဖြစ်ပါတယ်။ သဲကန္တရရဲ့ပူပြင်းမှုတွေ ရာသီဥတုဒဏ်တွေကြားကနေ ပညာရှင်တွေရဲ့မရပ်မနားဘဲအားစိုက်ထုတ်မှုတွေကိုမြင်တွေ့ရပါလိမ့်မယ်။ လူအင်အားအမြောက်အများနဲ့ ပင်ပန်းခက်ခဲစွာတူးဖော်ကြရပေမဲ့ ကိုယ်ဝါသနာပါတဲ့အရာအတွက် စွန့်စားရဲကြပြီး ရလဒ်ကကောင်းမွန်တဲ့အခါ အမောပြေရတဲ့အပြင် ပီတီတွေဖြစ်ရကြောင်းကိုဒီစီးရီးထဲမှာပြောပြထားပါတယ်။ ပျောက်ဆုံးနေတဲ့ပိရမစ်ကိုပညာရှင်တွေတစ်ကယ်ဘဲရှာဖွေနိုင်ကြမှာလား?? သူတိုတူးဖော်မှုမှာမထင်မှတ်ထားတဲ့ အရာတွေဖြစ်လာနိုင်သလား?? ဘယ်လိုအရာတွေရှာဖွေ့တွေ့ရှိသွားမှာလဲဆိုတာကို ဗဟုသုတတစ်ခုအနေနဲ့ပါ ကြည့်ရှူရမဲ့စီးရီးတစ်ခုဖြစ်တာမို လက်မလွှတ်ဘဲကြည့်ရှူသင့်ပါတယ်။

You May Also Like