Jackpot!

ဒီကားလေးကတော့မင်းသားကြီးJohn cenaနဲ့ awkwafinaတိုကအဓိကပါဝင်သရုပ်ဆောင်ထားပြီးrating6.5ရရှိထားပါတယ်။ Awkwafinaဆိုတာကတော့ Shang Chi and the Legend of the Ten Ringsထဲကမင်းသမီးဖြစ်ပြီးShang Chiမင်းသားSimu Liuလည်းCameoအနေနဲ့ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ကတ်တီဆိုတဲ့ကောင်မလေးကအမေဆုံးသွားပြီးတော့ လော့အိန်ဂျလိစ့်ကိုသရုပ်ဆောင်ပြန်လုပ်ဖိုပြန်လာခဲ့ပြီး နေဖိုအိမ်ရှာလိုက် သရုပ်ဆောင်အလုပ်ရှာလိုက်အလုပ်ရှုပ်နေခဲ့တယ်။ တစ်နေ့မှာအင်တာဗျူးသွားဖြေရင်းမတော်တဆ jackpotမှာregisterလုပ်မိပြီး jackpotဆုကြီးပေါက်သွားပါတယ်။ ထူးဆန်းတာကဒီမြိုမှာjackpotပေါက်တဲ့လူကို မပေါက်တဲ့လူတွေအကုန်လုံးကဝိုင်းသတ်ပြီးသတ်နိုင်တဲ့လူကjackpot3.6billionကိုရရှိမှာဖြစ်လို ကတ်တီကိုတမြိုလုံးနီးပါးဝိုင်းသတ်ကြပါတယ်။ အဲ့အချိန်မှာ နိုဝယ်ဆိုသူရောက်လာပြီးကတ်တီကိုကူညီပါတယ်။ နိုဝယ်ဆိုတာကတော့ jackpotပေါက်တဲ့လူတွေကိုလိုက်ကူညီတဲ့လူဖြစ်ပြီးjackpotပေါက်တဲ့လူမသေရင်10ရာခိုင်နှုန်းရရှိမဲ့လူပါ။ ကတ်တီနဲ့ နိုဝယ်လိုအလွဲလွဲအချော်ချော်နဲ့ထွက်ပြေးတိန်းရှောင်ရင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှူရမှာပါ။ action comedyဖြစ်လိုတော်တော်လည်းရီရပြီး အရမ်းမိုက်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

You May Also Like