No Way Up

ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ လတ်တလောမှ အသစ်ထွက်ရှိထားတဲ့ Thriller/Action ဇာတ်ကားလေး No Way Up ပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ Ava တိုသူငယ်ချင်းသုံးယောက်နဲ့အတူ Ava Bodyguard တို Cabo ကို အပန်းဖြေခရီးထွက်တာနဲ့စတင်ထားပါတယ် တစ်ဖက်မှာလည်း မြေးနဲ့အဘိုးအဘွားတိုသုံးယောက်ဟာလည်း ဒီခရီးကို သွားဖို စိတ်လှုပ်ရှားနေပါတယ် 

လေယာဉ်ပေါ်ရောက်ပြီး အားလုံး ခရီးစဉ်အတွက် စိတ်လှုပ်ရှားနေကြတဲ့အချိန် လေယာဉ်ဟာ ရုတ်တရက်တုန်ခါမှုတွေဖြစ်လာပါတော့တယ် အစပိုင်းမှာတော့ သာမာန်တုန်ခါမှုလို ထင်ခဲ့ပေမယ့် မကြာခင်မှာပဲ အင်ဂျင်တစ်ခြမ်းမီးလောင်ပြီးလေယာဉ်ပျက်ကြပါတော့တယ် ဖြစ်ချင်တော့ လေယာဉ်ဟာ ရေထဲကို ထိုးကျသွားပြီး လေယာဉ်ဝမ်းခေါင်းထဲ ရေတွေဝင်လာပါတော့တယ် ရေတွေနဲ့အတူ ဘယ်လိုတုန်လှုပ်စရာတွေက သူတိုဘဝတွေထဲကို ဝင်လာမလဲ
Thriller ဆိုပေမယ့် Survival လိုမျိုးသွားထားတဲ့ဇာတ်ကားလေးဖြစ်လို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အတူလိုက်ပါစီးမျောနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်လို ကြည့်ရှုခံစားပေးကြပါဦး

You May Also Like