Nyad

အခု တင်ဆက်ပေးမယ့်ဇာတ်ကားက‌တော့ ကျူးဘားမှ ဖလော်ရီဒါကို ပထမဆုံး ရေကူးခတ်ပြီး ဖြတ်သန်းချင်တဲ့ အသက် ၆၄နှစ်ရှိ ပင်လယ်ပြင် မာရသွန်ရေကူးသမား ဒိုင်ယာနာ နာယက်ဒ်ရဲ့ အိပ်မက်ကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

နာယက်ဒ်ဟာ ၂၀၁၃ခုနှစ်မှာ သူ့အိပ်မက်ကို ပြန်လည်အသက်သွင်းကာ အကောင်အထည်ဖော်ဖို ကြိုးစားခဲ့တာဖြစ်ပါတယ်။ သူဟာ အခုအချိန်မှာတော့ အသက် ၇၄နှစ်ရှိပြီး သက်ရှိထင်ရှား ရှိနေဆဲပဲ ဖြစ်ပါတယ်။

ဒါဟာ မဆုတ်မနစ်တဲ့ ဇွဲ လုံလသာရှိရင်၊ အိပ်မက်တွေသာ အခြေခိုင်မာ ပြင်းပြတယ်ဆိုရင်၊ 

 ဘယ်လောက်ပဲ ကျရှုးလာလာ၊ ဘယ်လိုပဲ အသက်အရွယ် အိုမင်းမစွမ်း ဖြစ်လာလာ၊
 
ကိုယ်ရည်ရွယ်ရာ ကိုယ်တိမ်းညွတ်ရာ အိပ်မက်နောက်ကိုသာ အပြည့်အဝ အားမ‌လျော့စတမ်း လိုက်မယ်ဆိုရင်....

အိပ်မက်တွေဟာ အိပ်မက်လိုပဲ မှုန်ဝါးမသွားဘဲ
ဖြစ်ကိုဖြစ်လာနိုင်တယ်ဆိုတာကို ဒိုင်ယာနာ နာယက်ဒ်က ဒီဇာတ်ကားလေးထဲကနေတစ်ဆင့်ကော လက်တွေ့ အပြင်လောကမှတစ်ဆင့်ကော အနှစ်သာရရှိရှိ ပြသသွားခဲ့တာ ဖြစ်ပါတယ်။

အိပ်မက်တွေ ပြည့်ဝခဲ့ချိန်မှာ ရလာတဲ့ ရလဒ်‌ကောင်းတွေက အိပ်မက်တွေနောက်ကို မဆုတ်မနစ် လိုက်နေခဲ့စဉ်မှာ ရခဲ့တဲ့ နာကျင်မှုတွေထက် ပိုပြီး တောက်ပ ခိုင်မာနေမှာပါ။

ဒါကြောင့် ရုပ်ရှင်ချစ်ပရိသတ်များလည်း ကိုယ့်အပေါ် ကိုယ်ပေးသလောက် ပြန်ပေးဖို အသင့်‌ရှိနေတဲ့၊ ကိုယ့်အပေါ် သစ္စာမဖောက်တဲ့ အိပ်မက်တွေနောက်ကို လက်မလျှော့စတမ်း လိုက်နိုင်ပါစေလို ရည်ရွယ်ရင်း

ဒီ Nyad ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်ခင်‌ဗျာ။

You May Also Like