ဒီကားလေးက ရှေးအခေါ်ဆိုရင် သူခိုးကြီးညလိုပေါ့ သူများ အိမ်တွေရှေ့မှာရှိတဲ့ပစ္စည်းတွေကို လျှောက်ပေါက် ဝှက်မယ် ပြင်မယ် ဟိုနေရာထားဒီနေရာထားလုပ်မယ် ဒီGhost gameဆိုတဲ့ဇာတ်ကားလေးမှာလဲ လူငယ်၂ယောက် သူများအိမ်တွေထဲကိုခိုးဝင်တယ် ပြီးရင် အဲ့အိမ်ထဲကပစ္စည်းတွေကိုဟိုနေရာရွေ့ဒီနေရာရွှေ့နဲ့ ဒီအိမ်ကသရဲခြောက်ပါတယ်ဆိုပြီး လျှောက်လုပ်ကြတာပေါ့ သူတို့လျှောက်လုပ်ထားတဲ့အိမ်က အရင်က ၄လောင်းပြိုင်လူသတ်မှုလဲဖြစ်ခဲ့ဖူးတဲ့သရဲအရမ်းခြောက်လို့ အာဏာပိုင်တွေကပါတားမြစ်ထားတဲ့ ဟယ်လ်တန်အိမ်ကြီး အဲ့အိမ်ဟောင်းကြီးကိုပဲ မှီညမ်းပြီးစာအုပ်ရေးမို့ အိမ်သစ်ပြောင်းလာကြတဲ့ စာရေးဆရာမိသားစုကလဲ အဲ့Ghost gamer၂ယောက်ဖောက်ဝင်ပီး နောက်နေ့မှာပြောင်းလာကြရော အဲ့မှာGhost Gamer၂ယောက်က ပိတ်မိသွားတာပေါ့ ဒီဇာတ်ကားလေးမှာ တကယ်ပဲ ဒီ၄လောင်းပြိုင်ဟယ်လ်တန်အိမ်ကြီးက သရဲအရမ်းခြောက်တာလား ဒီGhost Gamerနှစ်ယောက်ကရောဘယ်လိုနည်းတွေနဲ့ဖောက်ထွက်နိုင်မှာလဲ ဇာတ်လမ်းအဆုံးထိကို ပရိတ်သတ်ကို ဘာဖြစ်မယ်ဘာဖြစ်မယ်ဆိုတာ ထင်မြင်ချက်နည်းနည်းနည်းနည်းစီ နဲ့အဆုံးထိကို စိတ်ဝင်တစားကြည့်ရှုမှာပါ