"Worlds Apart" (2025) ကတော့ အနာဂတ်ကမ္ဘာမှာ လူသားတွေနဲ့ တခြားဂြိုလ်သားမျိုးတစ်မျိုးကြားက မသဘောတူမှုတွေ၊ စစ်ပွဲမျိုးစလုံးနဲ့အတူ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးလာတဲ့ ချစ်ခြင်းတရားအကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ sci-fi ဇာတ်လမ်းတစ်ပုဒ်ပါ။။ အနာဂတ်တစ်ခုကို အခြေခံပြီး တစ်ဦးနဲ့ တစ်ဦးကမ္ဘာခြားနေတဲ့ အချစ်၊ စစ်ပွဲ၊ နိုင်ငံရေးအကြပ်အတည်းတွေကို တကယ် hardcore အလေးအနက်ရှိအောင်ပြထားတဲ့ ရုပ်ရှင်တစ်ပုဒ်ပဲ။ Sci-fi ပေါင်း Drama ပေါင်း dystopian အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း Dee ဆိုတဲ့ကောင်လေးက သူ့အမေကိုပြုစုရင်း နေ့စဉ် ဝမ်းရေးစရိတ်ကို တွေးပူနေရတဲ့ လူငယ်တစ်ယောက်။ ပိုက်ဆံမရှိပေမဲ့ သူ့မှာ Sebastian ဆိုတဲ့ စိတ်ချရတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်။ တစ်နေ့မှာတော့ သူ့အမေဆေးဖိုးအတွက် ချေးခဲ့တဲ့ လမ်းသရဲအဖွဲက သူ့ကိုမြင်ပြီး အကြွေးပြန်တောင်းတယ်။ Dee အနေနဲ့ ဆပ်ဖိုပိုက်ဆံမရှိတာကြောင့် ထွက်ပြေးလိုက်တာ တောအုပ်ထဲထိရောက်သွားတယ်။ တကယ့်ဇာတ်လမ်းက အဲဒီမှာစတာ။ သူ့နောက်ကိုလိုက်လာတဲ့လူတွေ တစ်ယောက်ချင်းစီဟာ အရမ်းမြန်တဲ့ အကောင်တစ်ကောင် ဆွဲခံလိုက်ရသလို ထူးဆန်းစွာ ပျောက်ဆုံးသွားကြတာ အဖွဲထဲ Travis တစ်ယောက်ပဲ ကျန်ခဲ့တယ်။ အဲဒါတွေမသိတဲ့ Dee ကိုတော့ လျှိဝှက်ဆန်းကြယ်တဲ့ ကောင်မလေးတစ်ယောက်က ကယ်တင်ပြီးဒီတောအုပ်ကနေ ဝေးဝေးနေဖို” သတိပေးခဲ့တယ်။ဒါပေမဲ့ Dee တစ်ယောက် Travis နဲ့ Sebastian တိုနဲ့အတူ ပျောက်သွားတဲ့ သူတွေကို ရှာဖိုတောထဲကို ပြန်ဝင်ဖိုဖြစ်လာပါတော့တယ်။ဒီလိုနဲ့ Travis ရဲ့လူတွေကို ဆွဲသွားတဲ့ ထူးဆန်းတဲ့အရာက ဘာလဲ? အဲ့ဒီကောင်မလေးက ဘယ်သူလဲ? တောထဲမှာဘာတွေရှိနေတာလဲ?ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်လျှိဝှက်မှုတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ခရီးတစ်ခုကို ကြည့်ရှုရမဲ့ Sci-Fi ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။