Ordinary Angels

ဒီကားလေးကတော့ February 23 တုန်းကမှထွက်ထားတဲ့ အမေရိကန်ဒရာမာဇာတ်ကားလေး ဖြစ်ပါတယ်။ 1994 ခုနှစ်တုန်းက ‌Louisville, Kentucky မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ Sharon ဟာ သူငယ်ချင်းတစ်ယောက်နဲ့အတူ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ဖွင့်ထားပြီး အရက်စွဲနေတဲ့ ဆံသဆရာမတစ်ယောက်ဖြစ်ပါတယ်။ Ed ကတော့ ဇနီးဖြစ်သူဆုံးသွားတဲ့အချိန်မှာ သမီးလေးနှစ်ဦးနဲ့အတူ ဘဝကိုဖြတ်သန်းဖိုကြိုးစားနေတဲ့ မုဆိုးဖိုတစ်ယောက်ပါ။ သူ့သမီးအငယ်လေး Michelle ဟာ ‌အပြင်းအထန်နေမကောင်းဖြစ်နေတဲ့အတွက် ဆေးကုသစရိတ်တွေနဲ့လည်း လုံးပန်းနေရပါတယ်။ Sharon တစ်ယောက် အရက်ဖြတ်ဖို ရည်ရွယ်ချက်အဖြစ် Michelle လေးကို ကူညီဖို ဆုံးဖြတ်လိုက်တဲ့အခါ Sharon နဲ့ Ed တိုမိသားစုကြား ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဒီ Ordinary Angels ဆိုတဲ့ ဒရာမာဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး ခင်ဗျာ...

You May Also Like