Video Player is loading.
Advertisement
Current Time 0:00
Duration -:-
Loaded: 0%
Stream Type LIVE
Remaining Time -:-
1x

    We Can Be Heroes (2020)

    ဇာတ်ကားလေးရဲ့နာမည်ကတော့ကျတော်တို့လည်းဟီးရိုးဖြစ်နိုင်ပါတယ်တဲ့ စူပါဟီးရိုးလေးတွေရဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။သာမန် ဟီးရိုးကားတွေနဲ့ မတူဘဲ အခင်းအကျင်း တစ်မျိုးတစ်ဖုံ ဖြစ်နေတာကြောင့် အတော်လေး ကြည့်လို့ကောင်းတဲ့ကားတစ်ကားပါ။ ဟီးရိုးကားတွေ ကြိုက်တဲ့လူများ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ ဟီးရိုးလေးတွေလို့ ဘာလို့ ပြောရတာလဲ ဆိုတော့…..ဟီးရိုးကြီးတွေရဲ့ သားသမီးလေးတွေ အကြောင်း ဖြစ်နေလို့ပါ ဟီးရိုးကြီးတွေက ကမ္ဘာကို ကာကွယ်ပြီး အခုချိန်မှာအေးဆေးဖြစ်နေကြပါပြီ။ တစ်နေ့မှာတော့ ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားတစ်စုကြောင့် ဟီးရိုးတွေအလုပ်ပြန်လုပ်ကြရပါတော့တယ်။ သူတို့ ရန်သူနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာ သူတို့ရဲ့သားသမီးတွေကို ဌာနချုပ်မှာ ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့် ဟီးရိုးကြီးတွေ မရှုမလှနဲ့ အရှုံးပေးလိုက်ကြရပြီး ဖမ်းခေါ်ခံလိုက်ရတဲ့ အချိန်မှာတော့ ……ဟီးရိုးလေးတွေ ခဗျာ အငြိမ်မနေနိုင်ကြတော့ပါဘူး။ သူတို့လည်း ဟီးရိုးမျိုးရိုး ပီသစွာနဲ့ ကိုယ့်မှာရှိတဲ့ ပါဝါတွေကို အသုံးချပြီး
    ရင်ဆိုင်ဖို့ ကြံစည်ကြရပါတော့တယ်။ ဘာတွေ ဖြစ်လာမလဲဆိုတာကတော့ ……ဆက်လက်ကြည့်ရှုလိုက်ပါ

    You May Also Like