A Family Affair

ဇာရာဆိုတဲ့အသက်နှစ်ဆယ့်သုံးနှစ်အရွယ်မိန်းမပျိုလေးတစ်ဦးဟာ ခရစ်ကိုးဆိုတဲ့စူပါစတားတစ်ယောက်ရဲ့လက်ထောက်အကူအဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။ တစ်နေ့မှာဇာရာဟာမထင်မှတ်ပဲ  အလုပ်ရှင်သူဌေးဖြစ်သူနဲ့ သူ့အမေဖြစ်သူဆရာမတို ချစ်တင်းနှောနေတာကိုမျက်မြင်တွေ့ရှိသွားပါတယ်။ အသက်ဆယ်ခြောက်နှစ်ကွာတဲ့ အမေဖြစ်သူနဲ့သူဌေးဖြစ်သူတိုရဲ့အချစ်ရေးကို ဇာရာတစ်ယောက်လက်ခံနိုင်ပါ့မလား။ သားဖြစ်သူသေဆုံးသွားလိုတစ်ဦးတည်းကျန်ခဲ့တဲ့ယောက္ခဖြစ်သူရဲ့ချွေးမအပေါ်ချစ်ခင်နားလည်ပေးမှုကလဲ ဒီဇာတ်ကားရဲ့ချစ်စရာကောင်းတဲ့အပိုင်းကဏ္ဍလေးတစ်ခုအဖြစ်မြင်တွေ့ရမှာပါ။ အချစ်မှာအသက်ဟာနံပါတ်တစ်ခုပါပဲလိုဆိုကြပေမဲ့ စူပါစတားနဲ့စာရေးဆရာမသမီးတစ်ယောက်အမေတိုက ဒီအချစ်ရေးကိုလွယ်လွယ်ကူကူတည်ဆောက်နိုင်ပါ့မလားဆိုတာ ရင်ခုန်စရာပါပဲ။ အသစ်စက်စက်ထွက်ရှိထားတဲ့အချစ်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်တာမို လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။

You May Also Like