ဒီဇာတ်ကားလေးမှာ ကျွန်တော်တို့ရဲ့ ဇာတ်ကောင်မင်းသား Joe တစ်ယောက် သူ့ရှေ့မှာပဲ သူ့ရဲ့ချစ်သူကို ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ကသေနတ်နဲ့ လာပစ်သတ်သွားတဲ့အခါမှာ သူ့ရဲ့ကမ္ဘာတစ်ခုလုံးကြေမွသွားပါတော့တယ်။ ဝမ်းနည်းပူဆွေးစိတ်နဲ့ လောကကြီးကိုအရှုံးပေးဖို့ ကြိုးစားနေတုန်းမှာပဲ မထင်မှတ်ထားတဲ့ သဲလွန်စတွေကနေလိုက်လံကြိုးစားရှာဖွေရင်း ကမ္ဘာကြီးက သူထင်ထားသလိုဖြစ်မနေတဲ့အကြောင်း သိလာတဲ့အခါ၊ သူ့ရဲ့ချစ်သူအတွက် ဘာတွေကြိုးစားဆောင်ရွက်ပြီး အမှန်တရား တရားမျှတမှုကို ပြန်ရှာပေးနိုင်မလားဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်လိုက်ရအောင်ပါ