A Tourists Guide To Love (2023)

ဇာတ်လမ်းအကျဉ်းလေးကတော့ အမန်ဒါရိုင်လေ ဆိုတဲ့အမျိုးသမီးလေးဟာ မကြာခင်ကမှ အူကြောင်ကြောင်ရည်းစားနဲ့ မထင်မှတ်ဘဲလမ်းခွဲခဲ့ရပါတယ်ဒီအခါမှာ သူ ဟာစိတ်ထွက်ပေါက်လည်းရ၊ အလုပ်အတွက်ပါ ခွင်တည့် တယ်ဆိုပြီးဗီယက်နမ်မှာ ခရီးသွားလုပ်ငန်းအကြောင်း သွားစုံစမ်းဖို့သွားပါတော့တယ်။ ဒီလိုနဲ့ပဲ ဗီယက်နမ်ရောက်တဲ့ အခါဆင်းဆိုတဲ့ သူက သူ့ရဲ့ခရီးသွားအကြံပေးအနေနဲ့စောင့်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ဆင်းက အမန်ဒါတကယ် သွားစုံစမ်းရမယ့်ကုမ္ပဏီအတွက် အလုပ်လုပ်နေခဲ့တာပေါ့။ ဒီလိုနဲ့ပဲတဖြေးဖြေးနဲ့ ဆင်းနဲ့ အမန်ဒါတို့ ဗီယက်နမ်ကိုလည်ပတ်ရင်းနဲ့ အချင်းချင်း ချစ်သက်ဝင်လာကြပါတော့ တယ်။ အဲဒီအခါမှာအမန်ဒါတစ်ယောက် သူ့ကုမ္ပဏီအတွက် ပဲ ယုတ္တိကျကျဆုံးဖြတ်ချက်တွေချနိုင်မှာလား... ဆင်းရဲ့ချောမောမှုတွေကြားမှာ မျောပြီး နှလုံးသားစေရာနောက်လိုက်သွားမလား... ဘာတွေဘယ်လိုဆက်ဖြစ်လာမှာလဲ... ဆိုတာကို ဒီဇာတ်ကားထဲမှာရင်ခုန်စောင့်မျှော်နေရမှာပဲဖြစ် ပါတယ်။America မှာ ဖြစ်လေ့ရှိတဲ့ RS ပြဿနာတွေ လူတွေရဲ့အခက်အခဲကို ပြသပေးနိုင်တဲ့အပြင် အာရှရဲ့ ယဉ်ကျေးမှုအမွေအနှစ်များလှတဲ့ ဗီယက်နမ်နိုင်ငံရဲ့ သဘာဝအလှတရားရှေးဟောင်းအမွေအနှစ်တွေကိုပါထည့်ရိုက်ကူထား ပြီး ပီပြင်အောင် ပေါင်းစပ်သရုပ်ဖော်ထားနိုင်တဲ့ဇာတ်ကားဖြစ်လို့ ရိုချင်ရယ်ချင်တဲ့သူတွေအတွက် ရသမျိုးစုံပေး စွမ်းနိုင်မယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်

You May Also Like