A Quiet Place: Day One

ဒီကားလေးကတော့ ၂၀၂၄ မှာ ထွက်ရှိခဲ့တဲ့ Horror/Sci-fi အမျိုးအစား‌ဖြစ်ပြီး IMDb rating 6.7/10 ထိ ရရှိထားတဲ့ "A Quiet Place-Day One" ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်း အကျဉ်းလေးကတော့ နယူးယောက်မြိုကြီးကို ထူးဆန်းတဲ့ ဂြိုလ်သားတွေ ရုတ်တရက်ရောက်ရှိလာပြီး တိုက်ခိုက်ကြတဲ့အချိန်မှာ ကင်ဆာနောက်ဆုံးအဆင့် ဝေဒနာခံစားနေရတဲ့ ဆမ် ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ခရီးသားအမျိုးသားတစ်ယောက်က ဂြိုလ်သားတွေ လက်ကလွတ်ပြီး အသက်ရှင်နိုင်ဖို ကြိုးစားရုန်းကန်ကြတာပါ။ အဲ့ဒီ့ ဂြိုလ်သားတွေက မျက်လုံးမမြင်ရပဲ အသံလာရာကို တိုက်ခိုက်ကြမှန်းသိသွားတဲ့ အခါမှာ အသံတိတ်လှုပ်ရှားပုံတွေကို ကြည့်ရင်း ရင်တထိပ်ထိပ်နဲ့ ဖြစ်နေမှာသေချာပါတယ်။ အဲ့လို အသံတိတ်လှုပ်ရှားရင်းနဲ့ သူတိုနှစ်ယောက်လုံး လွတ်မြောက်နိုင်ပါ့မလား၊ကင်ဆာနောက်ဆုံးအဆင့်ဝေဒနာ ခံစားနေရတဲ့ ဆမ် တစ်ယောက်ကရော အသက်ရှင်ဖို အသည်းအသန် ကြိုးစားနေရတဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုရင်း ကိုယ်တိုင် အဖြေရှာကြရအောင်နော်။

You May Also Like