Home Alone

အသက်ရှစ်နှစ်အရွယ်ကယ်ဗင်တစ်ယောက်ဟာမိဘတွေပြင်သစ်ကိုသွားတဲ့အချိန်မှာမထင်မှတ်ပဲအိမ်မှာတစ်ယောက်တည်းကျန်ရစ်ခဲ့ပါတယ်။ အစပိုင်းမှာတော့ကယ်ဗင်ဟာထိုအပြောင်းအလဲပေါ်မှာပျော်ရွှင်နေခဲ့ပေမဲ့တစ်နေ့ကျတော့အိမ်ကိုဖောက်ထွင်းတဲ့သူခိုးတွေရောက်လာတဲ့အချိန်မှာတော့မိသားစုကိုပြန်လည်တမ်းတမိပါတော့တယ်။ ပြန်လည်တွေ့ဆုံကြတဲ့အချိန်ကျရင်တော့ဘယ်သူနဲ့မှရန်မဖြစ်ပဲချစ်ချစ်ခင်ခင်နေထိုင်ဖိုဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီဇာတ်လမ်းလေးကနေသင်ခန်းစာယူစရာလေးကတော့ ကျွန်တော်တိုဟာမိသားစုအပေါ်မှာမကျေနပ်ချက်တွေ၊အဆင်မပြေမှုတွေ၊အဝေးကိုထွက်သွားချင်စိတ်တွေဟာလူတိုင်းမှာရှိကောင်းရှိနေနိုင်ပါတယ်။ဒါပေမဲ့မိသားစုရဲ့တန်ဖိုးကိုကျွန်တော်တိုဟာမရှိတော့တဲ့အချိန်၊ဝေးသွားတဲ့အချိန်ကျရင်ပိုပြီးနားလည်လာပါလိမ့်မယ်။ ဘဝတစ်လျှောက်လုံးမှာမိသားစုလောက်နွေးထွေးပေးနိုင်တဲ့သူ၊လုံခြုံမှုပေးနိုင်သူမရှိနိုင်ဘူးဆိုတာဒီဇာတ်ကားလေးကရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။

You May Also Like