Boudica: Queen of War

"Boudica: Queen of the War" (2023) ဆိုတဲ့ဇာတ်ကားကတော့ အေဒီ 60-61 ခုနှစ်မှာ ရောမအင်ပါယာကို ပုန်ကန်တဲ့ နာမည်ကြီး ဗြိတိသျှ Celtic Iceni မျိုးနွယ်ရဲ့ ဘုရင်မ Boudica (ဘိုဒီကာ)အကြောင်း အခြေခံရိုက်ကူးထားတဲ့ သမိုင်းဝင်ဒရာမာတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ဗြိတိန်မြေကို ရောမတွေသိမ်းထားတဲ့အချိန်တုန်းက ရောမတွေရဲ့ဖိနှိပ်မှုကနေ လူမျိုးနဲ့ မြေတွေကို ကာကွယ်ဖို တိုက်ပွဲဝင်တဲ့အချိန်မှာ ဘုရင်မ ဘိုဒီကာရဲ့ပြင်းထန်တဲ့ သန္နိဋ္ဌာန်နဲ့ သတ္တိတိုကို ပုံဖော်ရိုက်ပြထားပါတယ်။

ဗြိတိန်နိုင်ငံက အင်အားကြီးခဲ့ပေမဲ့ ရောမအင်ပါယာရဲ့ အကျူးကျော်ခံရပြီးချိန်မှာတော့ Iceni လူမျိုးစုတစ်စုပဲကျန်ခဲ့ပါတော့တယ်။ Iceni ရဲ့ဘုရင် Prasutagus က ရောမနဲ့သဘောတူညီချက်ယူပြီး သူ့မြေလေးမှာပဲနေရင်း မိဘုရားဘိုဒီကာ၊ သမီးလေးနှစ်ယောက်တိုနဲ့အတူတူ အေးအေးဆေးဆေးနေနေပါတယ်။ ဒါပေမဲ့ရောမဘုရင် Nero က မိန်းမတစ်ယောက်တော်လှန်ဆန့်ကျင်လိမ့်မယ်လို ဟောကိန်းတွေကြားတဲ့အခါမှာ ဘယ်မိန်းမကိုမှ အာဏာရှိတဲ့နေရာ၊ ရာထူး၊ မြင့်မြတ်နဲ့နေရာ၊ ရာထူးတွေမှာ မထားနဲ့လို အမိန့်ထုတ်လိုက်ပါတယ်။ အဲဒီတော်လှန်မယ့်သူက ဘိုဒီကာလိုသတင်းထွက်နေတဲ့အခါမှာ Iceni ရဲ့ဘုရင် Prasutagus အသတ်ခံလိုက်ရပြီး ဘိုဒီကာအနေနဲ့ ဘုရင်မအဖြစ် ရောမအင်ပါယာကိုပြန်တိုက်ဖို အခြေနေဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။

You May Also Like