Heart of the Hunter

ရှင်ချစ်သူတိုအတွက် Action/ Thriller ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နိုင်ငံရေးလှည့်ကွက်တွေ၊ ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးသမားတွေရဲ့အားပြိုင်မှုကြားက ဖြစ်ပေါ်လာတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပေမဲ့လည်း ပျင်းစရာမကောင်းဘဲ တော်တော်လေးကြည့်လိုကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဇူကိုဟာ လူမည်းအမျိုးသား၊ အမျိုးသမီးတွေ ကလေးငယ်တွေ ဖိနှိပ်ခံရခြင်းကကယ်တင်ဖို၊ သူတိုအတွက် လွတ်လပ်မှုဆောင်ကြဉ်းပေးဖို ကတိသစ္စာနဲ့အတူ ဒီအရာတွေကိုနှောင့်ယှက်လာမဲ့ ဘေးအန္တရာယ်တွေကို သုတ်သင်ရတဲ့ assasin တစ်ယောက်ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် အာဏာရှိလူတန်းစားတစ်ရပ်အတွက် သွေးစွန်းတဲ့လုပ်ရပ်တွေကိုလုပ်ပေးရတဲ့ ညစ်ပတ်တဲ့လက်တစ်စုံပေါ့ဗျာ။ ဒီလိုနဲ့တစ်နေ့မှာ သူ့ပယောဂကြောင့် ဖခင်မဲ့သွားရရှာတဲ့ ကလေးငယ်တစ်ယောက်ရဲ့ငိုသံကြောင့် ဒီအလုပ်ကို အပြီးအပိုင်စွန့်လွှတ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း တစ်ရက်မှာတော့ အေးချမ်းနေတဲ့သူ့ဘဝလေးထဲကို သူ့ရဲ့ဘော့စ်ဟောင်း ဂျော်နီကလိုင်းရောက်ရှိလာတဲ့အခါမှာတော့ သူဟာမလွှသာပဲ ဒီလောကထဲကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ တစ်ဖက်မှာကလည်း ပြိုင်ဘက်ဖြစ်သူလာဒါတိုက ရွေးကောက်ပွဲနီးချိန်မှ ဂျော်နီကလိုင်း‌ပြန်ပေါ်လာတဲ့အတွက် သူတိုရဲ့လျှိဝှက်ချက်ကိုဖော်ထုတ်မှာစိုးရိမ်တဲ့အတွက် လိုက်လံနှုတ်ပိတ်ဖို ကြိုးစားပါတော့တယ်။ 

ဒီအားပြိုင်မှုတွေကြားမှာ ဘယ်သူကအမှား၊ ဘယ်သူအမှန်လဲ၊ ဖုံးကွယ်ထားတဲ့လျှိဝှက်ချက်တွေကရော ဘာတွေလဲဆိုတာ ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြည့်လိုက်ကြပါဦးဗျာ။

You May Also Like