Roses War ဇာတ်ကားက မြောက်ပိုင်း အိုင်ယာလန်ရဲ့ လူတန်းစားခွဲခြားမှုကို တော်လှန်တဲ့ကားလေးပဲဖြစ်ပါတယ်။ ဒီကားမှာ Rose Dugdale ဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝစွာ ကြီးပြင်းလာမှုကို တော်လှန်ပုန်ကန်ခဲ့ပြီး စစ်သွေးကြွအိုင်ယာလန်သမ္မတနိုင်ငံအဖွဲအစည်း ၊ ယာယီအိုင်ယာလန် ရီပတ်ဘလစ်ကန်တပ်မတော်မှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့တဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ ဒီလို တာဝန်ထမ်းဆောင်နေရင်း ယာယီအိုင်ယာလန် ရီပတ်ဘလစ်ကန်တပ်မတော်အတွက် လိုအပ်တဲ့ရန်ပုံငွေ ရှာဖိုအတွက် ကမ္ဘာ့တန်ဖိုးကြီးပန်းချီကားတွေကို ခိုးယူခဲ့တာကနေ ဇာတ်လမ်းစတင်ထားပါတယ်။ ခိုးခဲ့တဲ့ပန်းချီကားထဲမှာ စိတ်ဝင်စားဖိုအကောင်းဆုံးပန်ချီကားက အိမ်ဖော်အမျိုးသမီးတစ်ယောက်နဲ့ စာရေးနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ပုံပဲဖြစ်ပါတယ်။ Rose Dugdale က ပန်းချီကားကိုကြည့်ပြီး အဲဒီထဲက အိမ်ဖော်အမျိုးသမီးဟာ သူသာအိမ်ဖော်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင် သူဖြစ်ချင်တဲ့ စာရေးတဲ့အလုပ်ကိုလုပ်နေရမှာပဲ သူများကို သူ့အချိန်တွေပေးစရာမလိုဘူးလို ယူဆပြီး စိတ်ကူးယဉ်ပုံဖော်ထားတယ်လို ယူဆတဲ့သူပါ။သူ့ယူဆချက်အတိုင်းပဲ နောက်ဆုံးအချိန်အထိ ပန်းချီကားကို သယ်ဆောင်သွားနိုင်မလား တော်လှန်ရေးအတွက် ကြိုးပမ်းမှုတွေ အောင်မြင်ခဲ့လားဆိုတာကို ဇာတ်လမ်းရဲ့အဆုံးထိ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားပါတယ်။