Argylle

လျှိဝှက်အေးဂျင့်အကြောင်းဝတ္ထုဇာတ်လမ်းတွဲတွေကိုရေးသားတဲ့စာရေးဆရာမလေး အယ်လီကော်န်ဝေးဟာ သူမရဲ့ဝတ္ထုတွေကတကယ့်လက်တွေ့ဘဝမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့တူညီနေတာကိုသိလိုက်ရပါတယ်။ ဒီအတွက်ကြောင့် သူမရဲ့ဝတ္ထုတွေထဲကလိုမျိုး အပြင်ဘက်ကတကယ့်အဖွဲအစည်းရဲ့ဒါရိုက်တာတွေက ဇာတ်သိမ်းပိုင်းမှာဘာဆက်ဖြစ်မလဲဆိုတာကိုသိချင်တဲ့အတွက် သူမကိုဖမ်းဖိုကြိုးစားကြပါတယ်။ အယ်လီရဲ့ဝတ္ထုတွေကဘာဖြစ်လို တကယ့်အဖြစ်အပျက်တွေနဲ့တူညီနေရတာလဲ၊ ဇာတ်သိမ်းကရော ဘယ်လိုဆက်ဖြစ်မှာလဲ ဆိုတာကို စိတ်ဝင်စားစရာအချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့အတူ ကြည့်ရှုကြရမှာပါ၊ သည်းထိတ်ရင်ဖို အက်ရှင်ကိုမှ ဟာသလေးတွေဖောက်ထားတာမို စိတ်အပန်းပြေကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပါပဲလို ညွှန်းလိုက်ပါရစေရှင့်

You May Also Like