The Night They Came Home

ရူးဖတ်စ်ဘတ်ခ်ဆိုတဲ့ အင်းဒီးယန်းကပြားလေးတစ်ယောက်ဟာ ငယ်စဉ်အရွယ် မိဘတွေမတရားသတ်ဖြတ်ခံလိုက်ရကတည်းက လူဖြူတွေကိုမကျေနိုင်ဖြစ်နေခဲ့တာပါ။ဒါပေမဲ့ ရူးဖတ်စ်တစ်ယောက်အရွယ်ရောက်တဲ့အချိန် သူ့ရဲ့လူမျိုး အင်းဒီးယန်းတစ်ယောက်ကြိုးပေးခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားခဲ့တဲ့အချိန်မှာမှ တကယ်စိတ်ရိုင်းဝင်သွားပြီး လူဖြူဆိုရင်ကို သတ်ရ ဖြတ်ရ ညှင်းပန်းနှိပ်စက်ရမှ ကျေနပ်နိုင်တဲ့အထိဖြစ်သွားပါတယ်။ ဒီလိုလမ်းလွဲသွားတဲ့ ရူးဖတ်စ်ဟာ သူ့နဲ့ရွယ်တူ လူငယ်ပိုင်းတွေကိုစုပြီး အင်းဒီးယန်းဒေသတစ်ဝိုက် တွေ့သမျှ လူဖြူမှန်သမျှကို သတ်ဖိုဖြတ်ဖို မုဒိန်းကျင့်ဖိုဖြစ်လာပါတော့တယ်။ ရူးဖတ်စ်နဲ့ သူ့ရဲ့အပေါင်းအပါတွေ အင်းဒီးယန်းနယ်စပ်တစ်လျှောက် ဘယ်လိုဂြိုဟ်ဆိုးတွေမွှေခဲ့ကြသလဲ၊ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ သုတရသမျိုးစုံနဲ့ တွေ့မြင်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။

You May Also Like