Doctor Strange

Dr strange (2016) Marvel Fan တွေနဲ့ရင်းနှီးပြီးသား Avengers အဖွဲထဲက Dr Strange ရဲ့ Solo ရုပ်ရှင်ဖြစ်ပါတယ်။ အာရုံကြောခွဲစိတ်ဆရာဝန် Dr Stephen Strange ဟာ ဆေးပညာမှာ တစ်ဖက်ကမ်းခတ် ထူးချွန်သူတစ်ယောက်ဖြစ်ပြီး သာမန်လူနာတွေဆိုတောင် မကုတော့ဘဲ သူ့ရဲ့ သုတေသနတွေအတွက် အလုပ်ဖြစ်မဲ့လူနာမျိုးကိုပဲ ကုတတ်သူပါ။ အမြဲတစေ လူတွေကို ကယ်တင်ဖို စမ်းသပ်မှုတွေ အမြဲ လုပ်နေတဲ့ Dr Strange တစ်ယောက် တစ်ရက်မှာတော့ ကံမကောင်းစွာပဲ အက်စီးဒင့်တစ်ခုဖြစ်ပြီး သူ့လက်နာ့ဗ်ကြောတွေ ထိခိုက်သွားခဲ့ပါတယ်။ဆရာဝန်တွေလည်း လက်လျှော့လိုက်တာပေါ့ အနောက်တိုင်းဆေးပညာက မကုသနိုင်တဲ့ သူ့ကိုယ်သူ ကယ်ဖိုအရှေ့တိုင်းကို ရောက်လာပြီး The Ancient One လိုခေါ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ ဒီလိုကနေ Dr Strange တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ သူ့လက်တွေရော ပြန်ကောင်းသွားမှာလား လူတွေကိုရော ကယ်တင်နိုင်ဦးမှာလားဆိုတာနဲ့အတူ DrStrange ဖြစ်ပေါ်လာပုံ နောက်ခံကိုပါ သိရမှာမို  မကြည့်ရသေးတဲ့သူတွေ ကြည့်ကြည့်ကြဖို တိုက်တွန်းလိုက်ပါတယ်။

You May Also Like