From Embers ဆိုတဲ့ 2024မှာ ထွက်ရှိခဲ့တဲ့ ကားလေးဟာဆိုရင် ယောကျ်ားဖြစ်သူ မတော်တဆ မှုနဲ့ဆုံးပြီး မုဆိုးမ တစ်ယောက်အဖြစ်နဲ့ သားလေးတစ်ယောက်နဲ့ ကျန်ခဲ့ ပြီး လောကဒဏ်ရဲ့ ရိုက်နှိပ်ချက်တွေကို လီလီဆိုတဲ့ အမျိုးသမီး တစ်ယောက်ဟာ သားဖြစ်သူ အပေါ်ကိုလဲ ထားရှိတဲ့ အံမခန်းတဲ့ မိဘမေတ္တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ် သနားရာကောင်းတဲ့ သားဖြစ်သူ ကယ်ဗင်လေးကို စောင့်ရှောက်ရင်း ယောကျ်ားဖြစ်သူရဲ့ အာမခံ ပေါ်လစီကို ပေးသင့်သလောက်မပေးဘဲ လိမ်လည်နေတာကိုလည်းဖြေရှင်းရင်း မာတီဆိုတဲ့ မိန်းမနဲ့ ကွဲနေတဲ့ သမီးတစ်ယောက်အဖေ နဲ့ထပ်တွေ့ကာ ဘယ်လိုတွေဆက်ပြီး ဖြစ်ကြမယ်ဆိုတာ ဒီဇာတ်ကားမှာ မိဘမေတ္တာတွေကို အပြိုင်ဖော်ကြူးကြရင်း ပရိတ်သတ်တွေလည်း မိဘမေတ္တာတွေကို ထပ်တူခံစားကြရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်