Irish Wish

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2024 Netflix ထွက် Comedy အမျိုးအစား ပေါ့ပေါ့ပါးပါး ကြည့်လိုကောင်းမယ့် ရယ်ရွှင်စရာ ဟာသဇာတ်လမ်းလေးပါ။ ဒါပေမဲ့လည်း ဒါက သိပ်တော့ ရယ်ရတဲ့အမျိုးအစား မဟုတ်ပါဘူး။ ဒရမ်မာလေးနဲ့ညှပ်ပြီး ရိုက်ကူးထားတာပါ။

လူသားတိုင်းမှာ မဖြစ်နိုင်တာကို သိပေမယ့်လည်း တောင်းဆုပြုကာ ပြည့်ဝချင်တဲ့ စိတ်ဆန္ဒတွေ တစ်ခုမဟုတ်တစ်ခုတော့ ရှိကြတယ် မဟုတ်ပါလား။ ဒီလိုပါပဲ အိုင်ယာလန်က အိုင်းရစ်ရှ်စာရေးဆရာ ပေါလ်ကိုမှ တစ်ဖတ်သတ် ကြိတ်ကြွေနေတဲ့ အယ်ဒီတာမလေး မက်ဒလင်း။ 

သူ အရိပ်တကြည့်ကြည့်နဲ့ ပျိုးထားခဲ့တဲ့ နှင်းဆီတစ်ပွင့်က သူ့အချစ်ဆုံး ငယ်သူငယ်ချင်းအမ်မာ့ဆီကို တည့်တည့်မတ်မတ် လွင့်ကြွေသွားတဲ့အခါ။

ပေါလ်ကိုမှ လက်ထပ်ချင်တဲ့ သူ့ဆန္ဒက သူ့အတွက် မဖြစ်နိုင်တော့တဲ့အချိန်မှာမှ တကယ်ပြည့်ဝလာတဲ့အခါ။

ဒီလို အဖြစ်ချင်ဆုံး ဆန္ဒပြည့်ဝလာတဲ့ စက်ဝန်းထဲမှာ ပျော်လိုမော်လိုမဆုံး ဖြစ်နေချိန် မက်ဒလင်းရဲ့ ဘဝအတွက် ဖူးစာဖက်၊ သူ့နှလုံးသားရဲ့အောက်စီဂျင်လို ဖြစ်လာမယ့် သဘာဝတရား ရှုခင်းတွေကို ကမ္ဘာလှည့်ပြီး ဓာတ်ပုံရိုက်နေတဲ့ ဓာတ်ပုံဆရာလေး ဂျိမ်းစ်နဲ့ ဆုံတွေ့လာရတဲ့အခါ။

မူလက အဖြစ်ချင်ဆုံးဆန္ဒနဲ့ ဒီဆန္ဒကို ပယ်ဖျက်လိုတဲအထိ အားကောင်း ပြင်းထန်ခဲ့တဲ့ နောက်ထပ် စိတ်ဆန္ဒတစ်ခုရဲ့ကြား မက်ဒလင်းတစ်ယောက် ဘယ်လို ကိုင်တွယ် ဖြေရှင်းသွားမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု ခံစားလိုက်ကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

You May Also Like