ဒီ House of spoil ဆိုတဲ့ဇာတ်ကားလေးက စုန်းလိုလိုကဝေလိုလို ဖြစ်ရပ်ဆန်းတွေကြိုက်နှစ်သက်သူတွေအတွက်ပဲဖြစ်ပါတယ်။ပုံမှန်ကြည့်နေကျနဲ့မတူပဲ စားဖိုမှူး ကိုဦးစားပေးပြီးရိုက်ထားတာမလို့ ဟင်းချက်ရတာကိုကြည့်ရတာကြိုက်သူတွေအတွက်လည်းအဆင်ပြေပညတယ် အရမ်းလည်းhorror ဆန်ဆန်ကြောက်ဖို့မကောင်းတဲ့အတွက် ပိုပြီးအဆင်ပြေတာပေါ့ စားမှူးကောင်မလေးတစ်ယောက်ဖြစ်တဲ့ ဆီရာအို ဘဲလာ က ကိုယ်ပိုင်စားသောက်ဆိုင်တစ်ခုကိုပိုင်ဆိုင်ချင်ပါတယ် သူ့ကအရည်အချင်းအစစ်မှန်လည်းရှိတဲ့သူပါ တစ်ရက်မှာနယ်မြို့လေးကိုပြောင်းပြီး သူ့မိတ်ဆွေရဲ့အကူအညီနဲ့ စားသောက်ဆိုင်ဖွင့်ဖို့သွားပါတယ် အဲ့အိမ်က စုန်မနေခဲ့တာဆိုပြီးပြောစမှတ်ရှိပါတယ် အဲ့အိမ်မှာသူရောက်တည်းက ပိုးကောင်တွေမြင်ရပြီး ဂယောင်ခြောက်ခြားတွေဖြစ်နေပါတယ် ဟင်းချက်တဲ့သူက ခုလို ပိုးကောင်တွေကိုဂယောင်ခြောက်ခြားမြင်ရတယ်ဆိုတာအဆင်မပြေလှပါဘူး သူအဲ့ဒဏ်တွေကိုဘယ်လိုကျော်လွှားမလဲ အဲ့ဒီအိမ်ကတကယ်ပဲစုန်းမရှိတာလား သူရဲ့ဆိုင်ကိုဘယ်လိုအကောင်အထည်ဖော်မလဲဆိုပြီး စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်တယ် သဘာဝလွန်လည်းကြည့်ချင် အရမ်းလည်းမကြောက်ချင်ရင် ဒီကားလေးကိုကြည့်ဖို့ညွှန်းချင်ပါတယ်