ဇာတ်လမ်း အကျဥ်းလေးကတော့ ရစ်ကီဆိုတဲ့ကောင်လေးက သမိုင်းအမွေအနှစ်တွေကို လေ့လာရတာသဘောကျတဲ့ကောင်လေးတစ်ယောက်။တစ်နေ့သူက စစ်ပွဲအတွင်းမြုပ်နှံထားတဲ့ရွှေဒဂ်ါးပြားတွေမြုပ်နှံထားတဲ့မြေပုံကို ရလိုက်တယ်။ဒါနဲ့ပဲ သူရဲ့သူငယ်ချင်းတွေကို စည်းရုံးပြီး ရွှေဒဂ်ါးတွေမြုပ်ထားတဲ့ နေရာကိုရှာဖွေဖို့ရှာပုံတော်ထွက်လာခဲ့ကြတယ်။ ဒီလိုနဲ့တောအုပ်ထဲရောက်သွားကြပြီး မြေပုံရဲ့နေရာအတိုင်းလိုက်ရှာရင်း ညဥ့်နက်သွားတော့သူတို့ထင်မှတ်မထားတဲ့အရာတွေနဲ့ ကြုံတွေ့လာရတယ်။ ဘယ်လိုအရာတွေကသူတို့ကိုစောင့်ကြိုနေမလဲဘယ်လိုကြောက်စရာကောင်းတဲ့အရာတွေနဲ့ ရစ်ကီတို့သူငယ်ချင်းတွေကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦး