French Girl

ဒီကားလေးကတော့ စားဖိုမှူးဖြစ်တဲ့ချစ်သူကောင်မလေး ဆိုဖီကို လက်ထပ်ခွင့်တောင်းဖိုစီစဉ်နေတဲ့ ဘရွတ်ကလင်က အလယ်တန်းကျောင်းဆရာဂေါ်ဒန်အကြောင်း ဇာတ်လမ်းဖွဲရိုက်ကူးထားတဲ့ အချစ်၊ ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ကွေဘတ်မြိုမှာရှိတဲ့ ဆိုဖီရဲ့ လိင်တူချစ်သူဟောင်း နာမည်ကြီးစားဖိုမှူးရူဘီက ဆိုဖီ့ကိုအလုပ်တစ်ခုကမ်းလှမ်းလာတဲ့အချိန်မှာ ဂေါ်ဒန်တိုရဲ့အစီစဉ်တွေက ပြောင်းလဲသွားပါတော့တယ်။ ဂေါ်ဒန်လည်း ဆိုဖီနဲ့အတူတူကွေဘတ်မြိုကိုလိုက်သွားပြီး ပြင်သစ်စကားပြောတဲ့ဆိုဖီ့ရဲ့ မိသားစု သူ့ကိုအထင်ကြီးလာအောင် အမျိုးမျိုးကြိုးစားရင်း အလွဲပေါင်းဆုံနဲ့လည်းကြုံရပါတယ်။ အဲဒါတင်မကဘဲ နောက်ပိုင်းမှာ ဂေါ်ဒန်၊ ဆိုဖီနဲ့ ရူဘီတိုက သုံးပွင့်ဆိုင်ဇာတ်လမ်းဖြစ်လာပါတယ်။ ဂေါ်ဒန်တစ်ယောက် ဆိုဖီနဲ့လက်တွဲနိုင်ပါ့မလား၊ ဆိုဖီ့မိသားစုအထင်ကြီးလာအောင်ရော သေချာလုပ်နိုင်ပါ့မလား၊ ဆိုဖီနဲ့ရူဘီများပြန်ချိတ်မိသွားမလားဆိုတာ ဒီအချစ်၊ ဟာသကားလေးထဲမှာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ အချစ်၊ ဟာသကားလေးဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါးနဲ့ တကယ်ရယ်ရတဲ့ကားကောင်းလေးတစ်ကားမို စိတ်အပန်းဖြေချင်တဲ့အခါ ကြည့်ဖိုအသင့်တော်ဆုံးကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

You May Also Like