ဇာတ်လမ်းလေးရဲ့ အစမှာတော့ ဝန်နီခရူးသားစ် ဆိုတဲ့ ကောင်မလေးက အိန်ဂျယ်ဖောလ်စ် ဆိုတဲ့ မြို့လေးကို အကုန်ပိုင်ဆိုင်ချင်လို့ အရေးပါ အရာရောက်တဲ့ သူတွေကို လိုက်သတ်နေတဲ့ ဝါးတားစ် ဆိုတဲ့ လူသတ်သမားကို ခရစ်စမတ် အကြို ညလေးမှာပဲ သတ်လိုက်ခဲ့ပါတယ် အဲ့လိုနဲ့ နောက်တစ်နှစ် ခရစ်စမတ်ကို ပြန်ရောက်ပြီး ခရူးသာစ် တစ်ယောက် စိတ်အနှောက်ဖြစ်စရာတွေပဲ ကြုံခဲ့ပြီး မိသားစု နဲ့လဲ အဆင်မပြေ ရည်းစားနဲ့ပဲ အဆင်မပြေ ဖြစ်ခဲ့ပြီး ငါသာ မမွေးဖွားခဲ့ရင် ကောင်းမှာပဲလို့ ပြောလိုက်တာ ဆုတောင်းပြည်သွားခဲ့ပြီး ခရူးသာစ်ဆိုတာ မရှိခဲ့တဲ့ အိန်ဂျယ်ဖောလ်စ် မြို့လေးဆီ ရောက်သွားခဲ့ပါတယ် အဲ့မှာပဲ သူမရှိခဲ့တော့ လူသတ်သမားက လူတွေကို ထပ်သတ်ပြီး မြို့တော်ဝန် ဖြစ်လာကာ ခရူးသာစ်တစ်ယောက်လဲ အရင်က မရင်းနှင်းပေမယ့် လက်ရှိ ရလာတဲ့ ဘန်နီဆိုတဲ့ သူငယ်ချင်းနဲ့ အရင်ဘဝကို ပြန်ရောက်အောင် ကြိုးစားရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမယ့် စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်