The Window (2024)

The Window ဆိုတဲ့ ဇာတ်ကားလေးဟာဆိုရင်  ဖြစ်ရပ်မှန် အကြောင်းအရာတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ် ရာစုနှစ်များစွာကတည်းက တောင်အာရှမှာ ပန်ချာရပ် လို့ ခေါ်တဲ့ သြဇာညောင်းတဲ့  ရွာရဲ့ အကြီးအကဲတွေရဲ့ စည်းမျဥ်းဥပဒေကို လိုက်နာတဲ့ ဓလေ့ထုံးတမ်းရှိပါတယ် တစ်ခါတစ်ရံမှာ ပန်ချာရပ်တွေက အပြစ်မဲ့တဲ့ မိန်းမပျိုလေးတွေကို နစ်နာကြေး လျော်ကြေးအဖြစ်ပေးကြရပါတယ် ဒီဇာတ်လမ်းထဲမှာဆိုရင် အကိုဖြစ်သူ ဘာဘာ တစ်ယောက် လူသတ်လိုက်မိတဲ့အတွက် ညီမ ဖြစ်သူ မီနာကို လျော်ကြေးအဖြစ် ဖခင်ကိုယ်တိုင် မတတ်နိုင်ပဲ ပေးလိုက်ရပါတယ် ဒီတော့ မကျေနပ်လို့ အတင်းယူထားနဲ့ မိန်းမကို ဇနီးမယားလိုဘမပေါင်းဖက်ဘဲ အကျဥ်းချပြီး အစာရေစာတောင် ဝလင်အောင်မကျွေးဘဲ ထားပြီး တစ်ဘဝလုံး နှိပ်စက်ထားခဲ့ပါတယ် နှစ်တွေကြာတဲ့အထိ ဝဋ်ခံနေရတဲ့ အပြစ်မဲ့မိန်းကလေး တစ်ယောက်ကို သနားစရာမြင်တွေ့ရမှာပါ ရှေးရိုးရာဓလေ့ကို အသုံးချပြီး မိမိရဲ့ အတ္တ ဒေါသကိုရှေ့တန်းတင်ပြီး လူ့အခွင့်အရေးကို ပိတ်ပင်တဲ့အထိ ယခုခေတ်တိုင် မှားယွင်းတဲ့ အယူဥပဒေ တွေရှိနေနိုင်သေးသလို ဆင်ခြင်နိုင်စေဖို့ အသိပညာ ပေးဇာတ်ကား လေးဖြစ်ပါတယ်။

You May Also Like