ဒီဇာတ်ကားလေးကတော့ ရို့မန့်အချစ်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒေးဗစ်ဆိုတဲ့ နာမည်ကြီးmusic bandက ကောင်လေးက တစ်နေ့မှာ သူငယ်ချင်းတွေနဲ့အတူ ဘားတစ်ခုကိုသွားခဲ့တယ်။ အဲ့အခါ အဲဗဲလင်ဆိုတဲ့ Portlandမြို့သူကောင်မလေးနဲ့တွေ့ပီး မနက်နိုးလာတဲ့အခါ သူတို့မသိလိုက်ပဲ သူတို့ကလက်ထပ်ပီးသားဖြစ်နေကြတယ်။ ဒါကို ဒေးဗစ်ရဲ့fanတွေကသိပီး ကောင်မလေးကိုတိုက်ခိုက်ခဲ့တယ် အဲ့ဒီနောက် ဒေးဗစ်က မှားယွင်းလက်ထပ်ခဲ့မှုအတွက် ရှေ့နေနဲ့တိုင်ပင်ပီးကွာရှင်းမှုတွေလုပ်ဆောင်လာခဲ့တယ်။ မကွာရှင်းခင်အတောအတွင်းမှာ သူတို့ဘာတွေကြုံရမလဲ သူတို့ရဲ့မှားယွင်းလက်ထပ်မှုကနေ တကယ့်လက်ထပ်မှုအစစ်ကိုရောက်သွားမလားဆိုတာတော့ ဒီဇာတ်ကားလေးမှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်