MaXXXine

2022 က ထွက်ရှိခဲ့တဲ့ မင်းသမီး Mia Goth ရဲ့ ဒိတ်ဒိတ်ကြဲဇာတ်ကား X ဟာဆိုရင် ယခု 2024 ခုနှစ်မှာ sequel ထွက်ရှိလာပြီဖြစ်ပါတယ်။ တစ်နည်းပြောရရင် ယခု MaXXine ဟာ X ထဲကမင်းသမီးဖြစ်သူ မက်ဆင်းရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ 

ဒီလိုပုံဖော်ရိုက်ကူးထားတယ်ဆိုပေမဲ့လည်း ဒရာမာဆန်ဆန်ရိုက်ကူးထားတာမျိုးမဟုတ်ဘဲ Horror အငွေ့အသက်တွေနဲ့ ခြောက်ခြားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ Horror လိုဆိုတဲ့နေရာမှာလည်း A24 ရဲ့ထုံးစံအတိုင်း jump scare တွေမပါဘဲ လူတွေရဲ့အတွင်းစိတ်အမှောင်နဲ့ ညစ်နွမ်းမှုတွေကို အသားပေးရိုက်ကူးထားတာပါ။

ဒီဇာတ်ကားထဲမှာဆိုရင် အဓိကဇာတ်ဆောင်မက်ဆင်းဟာ X ထဲမှာလိုပဲ အပြာမင်းသမီးတစ်လက်ဖြစ်ပြီး သိပ်ကိုအောင်မြင်ချင်တဲ့လူတစ်ယောက်ပါ။ ဒီလိုနဲ့တစ်ရက်မှာ သူ့ဘဝတစ်ဆစ်ချိုးကိုရောက်စေမဲ့ အခွင့်အရေးတစ်ရပ် သူ့ရှေ့ကိုရောက်ရှိလာခဲ့ပါတယ်။ 

ဒါပေမဲ့တစ်ဖက်မှာ သန်းခေါင်ယံမုဆိုးအမည်ရ serial killer တစ်ယောက်ဟာ အပြာမင်းသမီးတွေကို လိုက်လံသတ်ဖြတ်နေပြီး မက်ဆင်းအနေနဲ့ရော သူ့အတွက်ဘယ်လိုကံကြမ္မာမျိုးက စောင့်မျှော်နေမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

You May Also Like