Into the Deep

နာမည်ကျော်ငါးမန်းရုပ်ရှင် Jaws ရဲ့မင်းသားကြီး Richard Dreyfussပါဝင်သရုပ်‌‌ေဆာင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ငါးမန်းကားဆိုပေမယ့် အက်ရှင်ခန်းတွေ၊တိုက်ခိုက်တာတွေနဲ့ ပစ်ခတ်တာတွေကို အသားပေးရိုက်ကူးထားတဲ့
အက်ရှင်ကားဖြစ်ပါတယ်။ ကတ်ဆီဒီဟာ ကလေးဘဝတုန်းက မျက်စိရှေ့တင် ငါးမန်းကိုက်ခံရပြီးသေဆုံးခဲ့တဲ့ဖခင်ကြောင့် ရေကိုလုံးဝကြောက်သွားခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အဏ္ဏဝါဗေဒပညာရှင်ဖြစ်တဲ့ အဘိုးဖြစ်သူရဲ့လေ့ကျင့်ပေးမှုကြောင့် ကတ်ဆီဒီတစ်ယောက် ငါးမန်းတွေကိုလေ့လာတဲ့ အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။တစ်ရက်မှာ လန်ဒန်အမျိုးသားပြတိုက်မှာအလုပ်လုပ်တဲ့ခင်ပွန်းဖြစ်သူဂရက်က သမုဒ္ဒရာအောက်က သမိုင်းဝင်ရွှေပြားတွေကိုဆယ်ယူဖို ပြင်သစ်ကိုခရီးထွက်လာတဲ့အခါ ကတ်ဆီဒီလည်းလိုက်ပါလာခဲ့ပါတယ်။ ကိုယ့်အကြောက်တရားကိုယ် ရင်ဆိုင်ကျော်လွှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့လိုက်လာတဲ့ကတ်ဆီဒီတစ်ယောက်ဂရက်တိုအုပ်စုနဲ့အတူ လိုက်ရေငုပ်ချိန်မှာတော့ ငါးမန်းဖြူကြီးတွေနဲ့တည့်တည့်တိုးပါတော့တယ်။တစ်ချိန်တည်းမှာပဲ မှောင်ခိုသမားတွေရဲ့လှေက ကတ်ဆီဒီတိုကိုဖမ်းထားလိုက်ပြီး ငါးမန်းတွေရှိနေတဲ့ ရေအောက်ကမူးယစ်ဆေးအထုပ်တွေကို အတင်းအကြပ်ဆယ်ယူခိုင်းချိန်မှာတော့ ငါးမန်းတွေအကြောင်းလေ့လာခဲ့တဲ့ကတ်ဆီဒီတစ်ယောက် သူလေ့လာထားတာတွေကိုအသုံးချပြီး ငါးမန်းဖြူကြီးတွေလက်ကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ။ မှောင်ခိုသမားတွေလက်ကရော ဘယ်လိုရုန်းထွက်မှာလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။

You May Also Like