Fly Me to the Moon

ဂျပန် anime ကားမဟုတ်တဲ့ ၂၀၂၄ ခုနှစ်ထွက် ဟောလိဝုဒ် Fly Me To The Moon လာပါပြီ။ ဇာတ်အိမ်လေးကကောင်းတဲ့အပြင် မင်းသားချောချောနဲ့၊ Black Widow မင်းသမီး Scarlett Johansson တိုရဲ့ visual ကြောင့် IMDB rating 6.7 အထိ ရရှိထားပါတယ်။ 

၁၉၆၀ အလွန်ကာလတွေမှာ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားတိုကြားက အာကာသနည်းပညာပိုင်းဆိုင်ရာပြိုင်ပွဲတွေကြားထဲ ရုရှားကနှာတစ်ဖျားသာသလိုဖြစ်သွားတာကြောင့် အမေရိကန်တိုအနေနဲ့ Apollo 11 ကိုလွှတ်တင်နိုင်ဖို အသည်းအသန်ကြိုးစားနေခဲ့ကြပါတယ်။ 

ကယ်လီဂျုန်းစ်ကတော့ ရုပ်လည်းချော အပြောလည်းချိုသလောက် ကြောက်စရာကောင်းလောက်အောင်လူရည်လည်တဲ့ မာကတ်တင်းသမားတစ်ယောက်ဖြစ်ပါတယ်။ နာဆာဘက်မှာ Apollo 11 ကိုလွှတ်တင်ဖို ကြိုးစားနေပေမဲ့ ငွေအားရောလူအားပါ မလုံလောက်တဲ့အခါမှာတော့ သမ္မတရုံးကတာဝန်ရှိသူတစ်ယောက်ဟာ ကယ်လီကိုနာဆာကိုပိုပြီး လူစိတ်ဝင်စားမှုမြင့်တက်လာအောင် ပရိုမိုးရှင်းဆင်းဖို တာဝန်ပေးခဲ့ပါတော့တယ်။

ဒီလိုနဲ့ပဲ နာဆာအရာရှိတစ်ယောက်ဖြစ်တဲ့ ကိုးလ်နဲ့ ကယ်လီတိုကြားမှာ အလွဲအချော်ပေါင်းများစွာနဲ့ အချစ်တစ်ခုပေါက်ဖွားလာပါတော့တယ်။

You May Also Like