Junction

အုန်းဒိုင်းဂွမ်းတွေမကြိုက်တဲ့ ရုပ်ရှင်ချစ်သူတိုအတွက် အသစ်စက်စက် Thriller/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မူးယစ်ဆေးဝါးအကြောင်းဆိုပေမဲ့ ပုံမှန်ကျောရိုးကနေခွဲထွက်ပြီး ဆေးမှောင်ခိုကူးတာတွေ၊ မူးယစ်ဆေးတိုက်ဖျက်ရေးတွေ မဟုတ်တဲ့အတွက် အရသာအသစ်အဆန်းတစ်မျိုး ခံစားရမှာအသေအချာပါပဲ။

Oxycodone လိုခေါ်တဲ့ မူးယစ်ဆေးပါတဲ့ စွဲလမ်းစေတတ်တဲ့အကိုက်အခဲပျောက်ဆေးကို ဗဟိုထားပြီး လူတွေရဲ့လူမှုရေးပြဿနာကို ရှုထောင့်သုံးမျိုးကနေ ရိုက်ပြသွားတာဖြစ်ပါတယ်။ ပထမတစ်ယောက်ကတော့ ငွေကြေးအခက်အခဲဖြစ်နေတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့ဆေးခန်းမှာ အရင်ကဒီဆေးကိုပေးလေ့ရှိပေမဲ့ အသစ်ထွက်လာတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေကြောင့် ကျဥ်းထဲကျပ်ထဲရောက်ရပါတော့တယ်။ 

နောက်တစ်ယောက်ကတော့ ဒီဆေးကိုမသုံးရမနေနိုင်စွဲလမ်းနေတဲ့ single father တစ်ယောက်ဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ ကန်းမက်ဒ်လိုခေါ်တဲ့ ဆေးကုမ္ပဏီကြီးရဲ့ဥက္ကဋ္ဌဖြစ်ပြီး သူကတော့ပိုက်ဆံရှိသူဖြစ်တဲ့အလျောက် သူ့ရဲ့ဆေးတရားဝင်ရေးအတွက် နိုင်ငံရေးသမားတွေကိုပါသုံးပြီးကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဒီဆေးကြောင့်ဖြစ်လာတဲ့ လူတွေရဲ့အကောင်းအဆိုး ဘဝအထွေထွေကို ဒီဇာတ်ကားထဲမှာကြည့်ရှုရမှာပါ။

You May Also Like