2 Fast 2 Furious

ဒီကားလေးကတော့ Fast and Furious Saga ရဲ့ဒုတိယမြောက်ကားလေးဖြစ်သလို the fast saga ကြီးရဲ့  member တွေ ရဲ့ငယ်ဘ၀ တစ်ဦးချင်းစီကို ကိုယ်ပိုင်ဘ၀တွေနဲ့ မြင်ရဦးမယ့်ကားလေးပါ။

သွားလေသူ Paul Walker ရဲ့ငယ်ရွယ်ပျိုမျစ်မှုတွေနဲ့အတူ fast ကားတိုရဲ့ထုံးစံမပျက် ပြိုင်ကားအက်ရှင်တွေကိုလည်း သဘာ၀ကျကျရှုစားရဦးမယ့် ကားဟောင်းလေးပါ။

နံပါတ် ၁ မှာတုန်းက ဒွမ်ကိုလွှတ်ပေးခဲ့လို ရဲအလုပ်ကထွက်ခဲ့ရတဲ့ အိုကော်နာဟာ ပြိုင်ကားမောင်းရင်း ပြစ်မှုမှတ်တမ်း၀င်ဖြစ်လာခဲ့ပါတယ်။ ရဲတွေက သူ့မှတ်တမ်းတွေကို အသုံးချပြီး သူတိုဖမ်းချင်တဲ့ ရာဇ၀တ်ကောင်ဆီမှာ ခိုင်းတာလုပ်ပေးရင် မှတ်တမ်းဖျက်ပေးမယ်လိုပြောလာတော့ ငယ်သူငယ်ချင်းဖြစ်တဲ့ ရိုမန်ပီးယာ့စ်ကိုပါ အတူခေါ်ပြီး မှတ်တမ်းဖျက်ပေးဖို အပေးအယူနဲ့ ကာဗာယူသတင်းပေးဘ၀ကို ထပ်ရောက်ခဲ့ရပြန်ပါတယ်။ 

ဆုပ်လည်းစူး စားလည်းရူးအခြေအနေမှာ သူငယ်ချင်းနှစ်ယောက် အကြပ်အတည်းကနေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ...ဆက်လက်ရှုစားပေးကြပါဦး။

You May Also Like