My Spy The Eternal City

ဒီကားလေးကတော့အသစ်ထွက်ထားတဲ့ rating 5.7/10 ရရှိထားတဲ့ Comedy/Action ကားလေးပဲဖြစ်ပါတယ်။ ဒီကားက၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ အဆက်ဖြစ်ပြီး အရင်ကားထဲကလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တိုက အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ဂျေဂျေက စီအိုင်အေကအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် ဆိုဖီလေးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို အန္တရာယ်များတဲ့ ကွင်းဆင်းစစ်ဆင်ရေးအလုပ်တွေကို ရှောင်ပြီး စီမံခန့်ခွဲသူအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို တာဝန်ယူထားတာပေါ့။
အဲ့တာနဲ့သမီးဖြစ်သူက ကျောင်းက တေးဂီတအဖွဲနဲ့အတူ အီတလီကို ခရီးထွက်ဖို အကြောင်းဖန်လာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲနဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ ရည်ရွယ်ချက်ကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို ဖြစ်ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အချိန်ကျတော့မသိနိုင်တဲ့လူတစ်စုရဲ့ လျှိဝှက်အကြံအစည်တွေနဲ့ သူတိုရဲ့ အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံလာရချိန်မှာအစိုးရိမ်ကြီးတဲ့ ဂျေဂျေနဲ့ လူငယ်ပီပီ လွတ်လပ်ချင်တဲ့ ဆိုဖီတိုအကြား ကသားအဖဆက်ဆံရေးပြေလည်သွားနိင်မှာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါဦးခင်ဗျာ။

You May Also Like