Heart of Stone

ဒီဇာတ်ကားထဲမှာတော့ Wondar Woman လိုသိကြတဲ့မင်းသမီး Gal Gadotက ရေချယ်စတုန်းဆိုတဲ့ အထူးထောက်လှမ်းရေးအေးဂျင့်တစ်ယောက်အနေနဲ့ပါဝင်ထားပြီး  အိန္ဒိယနာမည်ကြီးမင်းသမီး  Alia Bhatt က ကေရာ ဆိုတဲ့ အိုင်တီကျွမ်းကျင်သမားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ချာတာဆိုတဲ့ အဖွဲအစည်းဟာ ထောက်လှမ်းရေးအေးဂျင့်ဟောင်းတွေနဲ့  လျှိဝှက်ဖွဲစည်းထားပြီးတော့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖိုအတွက် လူဆိုးတွေနဲ့ အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးနေကြတာဖြစ်ပါတယ်။ ဒီအဖွဲထဲမှာ စပိတ် ၊ ဟာ့ထ် ၊ ထောင့်၊ ညှင်း ဆိုတဲ့ ဖဲချပ်နာမည်တွေနဲ့ အဖွဲခွဲ လေးခုရှိပြီးတော့ ကင်းလေးယောက်က ဦးဆောင်ကာ ကမ္ဘာ့အရေးတွေကို လျှိဝှက်ဖြေရှင်းနေကြတာပါ။ ဟာ့ထ် အဖွဲထဲက ဟာ့ထ်-၉နေရာမှာတော့ မင်းသမီး Gal Gadotက သရုပ်ဆောင်ထားပြီး  MI-6ဆိုတဲ့ အဖွဲတစ်ခုမှာ အသွင်ယူပြီး စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ရင်း ထင်မှတ်မထားတဲ့  အခြေအနေတွေနဲ့ ကြုံတွေ့လာပြီးတော့ ချာတာတစ်ဖွဲလုံးကို သုတ်သင်ရှင်းလင်းမယ့် ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ…

You May Also Like