၂၀၂၅ မှာထွက်လာတဲ့ Warfare ဇာတ်ကားက တခြားစစ်ကားတွေနဲ့မတူဘူး။ ဒါဟာ ရုပ်ရှင်ထဲက စစ်ကွင်းမဟုတ်ဘဲ၊ တကယ်တမ်းအဖြစ်အပျက်တစ်ခုကို ရိုက်ကူးပြထားတာပါ။ ဒါကြောင့်ပဲ ပထမ scene ကစပြီး နောက်ဆုံးအထိ စိတ်တုန်လှုပ်ဖွယ်နဲ့ ကြည့်ကြရမှာပါ။ ဇာတ်ကားဟာ ၂၀၀၆ ခုနှစ် Iraq Ramadi စစ်ပွဲကို အခြေခံထားတာဖြစ်ပြီး၊ Navy SEAL တပ်ဖွဲတစ်ခုရဲ့ တိုက်ပွဲတွေ၊ ပြန်မလာနိုင်လောက်အောင် အန္တရာယ်တွေကြားထဲမှာ ရင်ဆိုင်နေရတဲ့အခြေအနေတွေကို ပြထားပါတယ်။ စစ်သားတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာဖိအား၊ သံသယနဲ့ တာဝန်ခံမှုတွေဟာ ဇာတ်လမ်းရဲ့ အဓိကအချက်ပါ။ Warfare ဟာ ရုပ်ရှင်မဟုတ်ပဲ၊ တကယ်အဖြစ်အပျက်ကို သင့်ရဲ့မျက်စိရှေ့မှာ တင်ပြထားသလိုပါဘဲ။ စစ်တွင်းက မတရားမှု၊ ရင်တထိတ်ထိတ်ခံစားမှုတွေနဲ့ လူသားတစ်ဦးရဲ့ အရေးပါမှုကို ပြသပြထားပါတယ်။ စစ်ကားတွေကြည့်ဖိုပျင်းတဲ့သူတွေကိုတောင် မဖြစ်မနေကြည့်ဖို အကြံပြုချင်တဲ့ ဇာတ်ကားလေးတစ်ကားပါဘဲ။