ဇာတ်လမ်းအကျဉ်းကတော့ အသက် ၁၁ နှစ်အရွယ် ရိုဘင် (Darcey Ewart) ဆိုတဲ့ ကောင်မလေးနဲ့ သူ့ရဲ့ သူငယ်ချင်းအဖွဲ "The Hoods" တိုဟာ သူတိုအိမ်အနောက်က ချုံပုတ်တွေပေါများတဲ့ မြေကွက်လပ်လေးကို သူတိုရဲ့ မှော်ဆန်တဲ့ နယ်မြေ "The Kingdom" အဖြစ် စိတ်ကူးယဉ်ဖန်တီးပြီး စွန့်စားခန်းတွေ ကစားနေကြတာပါ။ ဒါပေမဲ့ ရန်သူကတော့ အဲ့ဒီနေရာကို ဖျက်ဆီးပြီး အဆောက်အအုံတွေ ဆောက်ချင်နေတဲ့ စီးပွားရေးသမား (Naomie Harris) တစ်ဦးပါပဲ။ ရိုဘင်နဲ့ သူ့သူငယ်ချင်းတွေဟာ သူတိုရဲ့ စိတ်ကူးယဉ်ကမ္ဘာလေးကို ဘယ်လိုကာကွယ်ကြမလဲ၊ ဘယ်လို ကြိုးစားကြမလဲဆိုတာကို စွန့်စားခန်းလေးတွေနဲ့ ပုံဖော်ထားပါတယ်။ကလေးတွေရဲ့စိတ်ကူးနဲ့ လက်တွေ့လောကနဲ့ကို ယှဉ်တွဲရိုက်ပြထားပြီးတော့ ကိုယ်တွေငယ်ငယ်တုန်းကလည်း သူတိုလိုစိတ်ကူးယဉ်ခဲ့ပါလားဆိုပြီးတော့ ငယ်ဘဝကိုပါ သတိရသွားစေမှာပါ
This is a modal window.