စင်သီယာနဲ့ဂျော်ဒန်တိုသားအမိဟာ ပရလောကကိုမြင်နိုင်စွမ်းရှိသူတွေဖြစ်ပြီး အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့်အခုချိန်မှာတော့ ကုထုံးပညာရှင်အဖြစ်အသက်မွေးနေပေမယ် သူတိုကူညီနိုင်လောက်တဲ့ ပေါ့ပေါ့ပါးပါးကိစ္စလေးတွေကိုတော့ကူညီလေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူတိုအိမ်ကို ရိုင်လီဆိုတဲ့ မိန်းကလေးတစ်ယောက် ရုတ်တရက်ရောက်လာခဲ့ပြီး သူ့ကိုကူညီဖိုဇွတ်အတင်းတောင်းဆိုခဲ့ပေမယ့် သူ့အဖေဖြစ်သူရဲ့ဆွဲခေါ်မှုကြောင့်ပြန်ပါသွားခဲ့ပါတယ်။ ကောင်မလေးကို ပူးကပ်နေတဲ့ မကောင်းဆိုးဝါးဟာ အလွန်ကြမ်းတမ်းပြီးကြောက်စရာကောင်းတဲ့သူဆိုတာ ဝါရင့်နေပြီဖြစ်တဲ့ စင်သီယာက မြင်လိုက်ရလိုဆက်မလုပ်ဖိုတားပေမယ့် ပြောဆိုရခက်ခဲတဲ့ ဂျော်ဒန်ကရှေ့ဆက်တိုးရင်း သူကိုယ်တိုင်မကောင်းဆိုးဝါးရဲ့သားကောင်ဖြစ်သွားချိန်မှာတော့ စင်သီယာတစ်ယောက်အကြောက်တရားကိုဘေးချိတ်ပြီး သမီးဖြစ်သူကို ကယ်တင်ဖိုကြိုးစားရပါတော့တယ် Jump scare ကောင်းကောင်းတစ်ချိုနဲ့ဟော်ရာအရသာကောင်းကောင်းခံစားရစေမယ့် ဟော်ရာချစ်သူတွေအတွက် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။