Baghead

ဘဝတစ်ပါးကိုကူးပြောင်းသွားပြီဖြစ်တဲ့
ကိုယ်ချစ်ရတဲ့သူတွေနဲ့ စကားပြောခွင့်ရမယ်ဆို လူတိုင်းစိတ်ဝင်စားကြမှာ အသေအချာပါပဲ။ မြိုလေးတစ်မြိုက အရက်ဆိုင်တစ်ဆိုင်ရဲ့မြေအောက်ခန်းမှာ ခေါင်းကိုဂုန်နီအိတ်ကြီးနဲ့စွပ်ထားတဲ့ Baghead ခေါ် စုန်းမကြီးတစ်ယောက်နေထိုင်ပါတယ်။ ဒီစုန်းမကြီးက သေဆုံးပြီးသူတွေနဲ့ ဆက်သွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါပေမဲ့ ၂ မိနစ်ထက်တော့ ပိုလိုမရပါဘူး။

ဒါကြောင့်မို ဒီမြေအောက်ခန်းထဲဆင်းပြီး စုန်းမကြီးနဲ့တွေ့ခွင့်ရဖို လူပေါင်းများစွာဟာ ငွေပုံပေးပြီးကြိုးစားကြပါတယ်။ တစ်ရက်မှာတော့ အိုင်းရစ်ဆိုတဲ့အမျိုးသမီးလေးဟာ သူ့အဖေဆီကအမွေအဖြစ် ဒီအိမ်ကြီးကိုရလိုက်တဲ့အခါမှာတော့ လျှိဝှက်ဆန်းကျယ်တဲ့ဒီအရာတွေထဲ ပါဝင်ပတ်သက်ဖိုဖြစ်လာရပါတော့တယ်။ 

IMDB rating 6.6 ရရှိထားပြီး ကြည့်ရှုပြီးသူတော်တော်များများဆီက ကြောက်ဖိုကောင်းတယ်၊ ကြည့်လိုကောင်းတယ်ဆိုတဲ့ review ကို ရရှိထားပါတယ်။ သရဲကားဆို ကြမ်းမှရမ်းမှကြိုက်တဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

You May Also Like