မိခင်တစ်ယောက်ဖြစ်ရတာ တကယ်မလွယ်ကူပါဘူး လောကမှာ အင်အားအကြီးမားဆုံးနဲ့ သတ္တိအရှိဆုံးက မိခင်တွေပါ။ အထူးသဖြင့် လုပ်ငန်းခွင်က မိခင်တွေဆို ပိုပြီးခက်ခဲမှာ အသေအချာပါပဲ။ ဒီတစ်ခေါက် Movies Master ရဲ့ ပရိတ်သတ်တွေ ကြည့်ရှုရမဲ့ Night Bitch ဆိုတဲ့ကားလေးက မိခင်တစ်ယောက်ရဲ့ ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရတယ်၊ အနုပညာကတစ်ဖက် ၊ အိမ်မှုကိစ္စကတစ်ဖက်နဲ့ ကလေးတစ်ယောက်ရဲ့ နိစ္စဓူဝ အလုပ်တွေကို ဘယ်လို Handle လုပ်သွားလဲဆိုတာတွေကို တင်ဆက်ပေးထားတဲ့ကားလေးဖြစ်ပါတယ်၊ မေမေလောင်းတွေ အများဆုံး ကြည့်သင့်တဲ့ကားပါနော်။