Boy Kills World

Boy kills World (2023)

ဒီကားလေးကတော့ 2023 မှာ ထွက်ရှိထားခဲ့တဲ့ "Boy kills world" ဆိုတဲ့ action/thriller အမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဗန်ဒါကွိုင်ဆိုတဲ့ မိသားစုဟာ မြို့ကြီးတစ်မြို့လုံးကိုချုပ်ကိုင်ထားတဲ့ အာဏာရှင်တွေပါ။ နှစ်တိုင်း မြိုသူမြို့သားတွေက သူတို့ကို မတော်လှန်ရဲ‌အောင် လူရှင်းပွဲဖြစ်တဲ့ "ကားလင်း" ပွဲတော်ဆိုတာကျင်းပလေ့ရှိတယ်။ 
အဲဒါကတော့ မြို့ထဲကနေ သူ့ကိုတော်လှန်ချင်တဲ့လူတွေကို လိုက်ရှာပြီး အစုလိုက်အပြုံလိုက်သတ်ပစ်တာပါ။ အဲ့ဒီပွဲကြောင့် နားမကြားတဲ့ကောင်လေးတစ်ယောက်ကသူ့မိသားစုကိုဆုံးရှုံးလိုက်ရပါတယ်။ အဲ့လိုနဲ့သူကတောထဲမှာဆရာတစ်‌ယောက် နဲ့ သိုင်းတွေကျင့်ပြီးလက်စားချေဖို့ မြို့ကိုတက်လာပါတယ်။ တလွဲတွေလုပ်ပြီးလူတွေသတ်ကြတာတော့အစအဆုံးပါပဲ။ ဟာသလူသတ်ကားဆိုတော့Deadpoolလိုမျိုးတလွဲဟာသတွေပြောပြီးလူလိုက်သတ်တာကိုမြင်ရမှာပါ။ 

မင်းသားကလည်း ITဇာတ်ကားထဲက Pennywise သရုပ်ဆောင်ဖြစ်တဲ့Bill Skarsgardဆိုတော့ အက်ရှင်ခန်းတွေကအရမ်းကိုမိုက်ပါတယ်။ plot twistsတွေလည်းပါတာမို့ကြည့်ကိုကြည့်သင့်ပါတယ်။ သွေးထွက်သံယိုတွေအများကြီးပါတာကိုတော့ သတိပေးချင်ပါတယ်။

You May Also Like